Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 21:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဓား​ကို သွေး​သူ​လက်​သို့ အပ်​လိုက်​လေ​ပြီ​။ သူ​သည် ပြောင်လက်​အောင်​၊ ထက်​အောင် သွေး​ပြီး လူသတ်​လက်​သို့ အပ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

11 အ​ဆင်​သင့်​အ​သုံး​ပြု​နိုင်​စေ​ရန်​ထို​ဋ္ဌား​ကို ပြောင်​လက်​အောင်​တိုက်​ချွတ်​လျက်​ရှိ​၏။ လူ​သတ်​သ​မား​၏​လက်​သို့​အပ်​ရန် ယင်း​ကို​ထက်​အောင်​သွေး​ပြီး​လျှင် ပြောင်​လက်​အောင်​တိုက်​ချွတ်​ထား​၏။

Ver Capítulo Copiar

Garrad Bible

11 ဓား တော် ကို စွဲ ကိုင် ရန် တိုက် ပွတ် စေ ပြီ။ ကွပ် မျက် သူ လက် သို့ အပ် ရန် သွေး ကျင်း တိုက် ပွတ် လေ ပြီ ဟု ဖွဲ့ ဆို လော့။

Ver Capítulo Copiar

Judson Bible

11 သုံး​စ​ရာ​ဖို့ ပွတ်​စေ​ခြင်း​ငှာ အပ်​ထား​ပြီ။ လုပ်​ကြံ​သော​သူ၌​အပ်​ခြင်း​ငှာ ထက်​စွာ​လည်း သွေး​လေ​ပြီ။ ပြောင်​လက်​စွာ​ပွတ်​လေ​ပြီ။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 21:11
8 Referencias Cruzadas  

ထို​အကြောင်းအရာ​အလုံးစုံ​ကို မော်ဒကဲ ကြားသိ​သောအခါ မိမိ​အဝတ်​တို့​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီးလျှင် ပြာ​၌​လူး​လေ​၏​။ ထို့နောက် မြို့​လယ်ခေါင်​သို့​သွား​ကာ ကျယ်လောင်​စွာ ခါးခါးသီးသီး အော်ဟစ်​ငိုကြွေး​လေ​၏​။


“​ငါ့​ကို​မကြည့်​ကြ​နှင့်​။ အားရပါးရ​ငိုကြွေး​ပါရစေ​။ ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သည်​ဖြစ်၍ ငါ့​ကို​နှစ်သိမ့်​ဖို့ မ​ကြိုးစား​ကြ​နှင့်​”​ဟု ငါ​ဆို​၏​။


ထို​နေ့ရက်​၌ ထာဝရဘုရား​ကွပ်မျက်​တော်မူ​ခြင်း​ကို​ခံရ​သော​သူ​တို့​သည် မြေကြီး​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​တိုင်အောင် အနှံ့​ရှိ​ကြ​လိမ့်မည်​။ မြည်တမ်း​ပေး​မည့်​သူ​မ​ရှိ​။ စုပုံ​ထား​ပေး​မည့်​သူ​မ​ရှိ​။ သင်္ဂြိုဟ်​ပေး​မည့်​သူ​မ​ရှိ​။ မြေ​ပေါ်​၌ နောက်ချေး​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။


ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


ဓား​ကို​ပြောင်လက်​အောင်​၊ ထက်​အောင် သွေး​ပြီး သတ်ပွဲကြီး​ဖြစ်​တော့​မည်​ကို ငါ​တို့​ဝမ်းသာ​ရ​မည်လော​။ ငါ့​သား​၏​ရာဇလှံတံ​သည်​လည်း အခြား​သစ်ပင်​များ​နည်းတူ သုတ်သင်ပယ်ရှင်း​ခံရ​တော့​မည်​။


‘အချင်း​လူသား​၊ ငိုကြွေး​မြည်တမ်း​လော့​။ အကြောင်းမှာ ဓား​သည် ငါ့​လူမျိုး​တော်​ကို တိုက်ခိုက်​လေ​ပြီ​။ အစ္စရေး​ခေါင်းဆောင်​တို့​ကို တိုက်ခိုက်​လေ​ပြီ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​နှင့်အတူ ဓား​လက်​သို့​ကျရောက်​သည်​ဖြစ်၍ ရင်ဘတ်စည်တီး​လော့​။


“​အချင်း​လူသား​၊ ဘေဘီလုံ​ဘုရင်​၏​ဓား​သွား​မည့်​လမ်း​နှစ်​လမ်း​ကို မှတ်သား​လော့​။ ထို​လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲမှ အစပြု​၍​ထွက်လာ​သော​လမ်း​ဖြစ်​၏​။ မြို့​ထဲသို့​သွား​သော​လမ်းခွ​၌ အမှတ်အသား​လုပ်​ထား​လော့​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos