ယေဇကျေလ 20:31 - မြန်မာ့စံမီသမ္မာကျမ်း31 ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။ Ver CapítuloCommon Language Bible31 သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။- Ver CapítuloGarrad Bible31 သား တို့ ကို မီး ဖြင့် ဆပ် ကပ် သော အ လှူ လှူ လျက်၊ ရုပ် ပွား များ နှင့် ကိုယ် ကို ညစ် ညူး စေ ခြင်း များ ကို ယ ခု တိုင် ပြု ကြ သော၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ သည် ငါ့ ထံ မေး လျှောက် ခွင့် ရ ကြ မည် လော။ အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ့ ထံ မေး လျှောက် ခွင့် မ ရ ကြ ချေ။ Ver CapítuloJudson Bible31 ပူဇော်သကာ ပြုသဖြင့်လည်းကောင်း၊ ကိုယ်သားတို့ကိုမီးဖြင့် ပူဇော်သဖြင့်လည်းကောင်း၊ ယနေ့တိုင်အောင် ရုပ်တုအပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင်၊ ငါသည် သင်တို့မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက်ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ။ Ver Capítulo |