ယေဇကျေလ 20:30 - မြန်မာ့စံမီသမ္မာကျမ်း30 ထို့ကြောင့် အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် ဘိုးဘေးတို့၏အပြုအမူအကျင့်အကြံအတိုင်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေကြသလော။ သူတို့ပြုသော ရွံရှာဖွယ်ရာနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းကြသလော’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible30 ဣသရေလအမျိုးသားတို့အားအရှင် ထာဝရဘုရား ဤသို့မိန့်ဆိုကြောင်းဆင့် ဆိုလော့။ `သင်တို့သည်အဘယ်ကြောင့်ဘိုး ဘေးတို့အပြစ်ကူးလွန်၍ညစ်ညမ်းစေ သကဲ့သို့ သင်တို့ကိုယ်ကိုညစ်ညမ်းစေကြ သနည်း။ သူတို့ကိုးကွယ်သည့်ညစ်ညမ်း သောရုပ်တုတို့ကိုကိုးကွယ်ကြသနည်း။- Ver CapítuloGarrad Bible30 သို့ ဖြစ်၍၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ ဦး မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဘိုး ဘေး တို့ အ လေ့ အ လာ အ တိုင်း ကိုယ် ကို ညစ် ညူး စေ ခြင်း၊ သူ တို့ စက် ဆုပ် ဖွယ် ရုပ် တု များ နှင့် မှား ယွင်း ခြင်း၊ Ver CapítuloJudson Bible30 သို့ဖြစ်၍၊ သင်သည် အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုး၊ သင်တို့သည် ဘိုးဘေးတို့ထုံးစံအတိုင်း ညစ်ညူးလျက်၊ သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြု၍ မှားယွင်းလျက်၊ Ver Capítulo |