ယေဇကျေလ 16:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင့်ကို တောထဲမှအပင်ကဲ့သို့ ကြီးထွားစေ၏။ သင်သည် ကြီးထွားဖွံ့ဖြိုးလာပြီး လှပသောအဆင်တန်ဆာ ဖြစ်လာ၏။ ရင်သားစူလာ၏။ ဆံပင်ရှည်လာ၏။ သို့သော် အဝတ်မပါအချည်းစည်း ဖြစ်နေ၏။ Ver CapítuloCommon Language Bible7 အနာအဆာမရှိသည့်အပင်ငယ်ကဲ့သို့ရှင် သန်ကြီးပွားစေ၏။ သင်သည်သန်မာထွားကြိုင်း လာကာ အလှဆုံးရတနာကလေးဖြစ်လာ၏။ သင်၏ရင်သားများသည်ပြည့်ဖြိုးလျက်ဆံပင် မှာလည်းရှည်လာ၏။ သို့ရာတွင်သင်သည် အဝတ်အချည်းစည်းဖြစ်လျက်ပင်ရှိ၏။ Ver CapítuloGarrad Bible7 မြက် ပင် သ ဖွယ် ကြီး ပွား စေ သည့် အ လျောက်၊ သင် သည် ကြီး ပွား တိုး တက် လျက်၊ ပန်း ပွင့် လျက်၊ ရင် သား ကြွ လျက်၊ ဦး ဆံ ရှည် လျက် နှင့်၊ အ ဝတ် အ ချည်း စည်း နေ သေး သည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Ver CapítuloJudson Bible7 မြက်ပင်ကဲ့သို့ ငါကြီးပွားစေသဖြင့်၊ သင်သည် အစဉ်အတိုင်းကြီး၍ လှသောအဆင်းနှင့် ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်း အမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။ Ver Capítulo |
မိန်းမတို့သည် မိမိ၏အိမ်နီးချင်းထံမှလည်းကောင်း၊ မိမိအိမ်၌တည်းခိုနေထိုင်သောသူထံမှလည်းကောင်း ငွေထည်များ၊ ရွှေထည်များနှင့် အဝတ်အစားများကို တောင်း၍ သင်တို့သည် သင်တို့၏သားသမီးများကို ဝတ်ဆင်စေရမည်။ ဤသို့ဖြင့် သင်တို့သည် အီဂျစ်လူမျိုးတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။