ယေဇကျေလ 16:6 - မြန်မာ့စံမီသမ္မာကျမ်း6 ငါသည် သင့်အနားမှဖြတ်သွားသောအခါ သွေးအလူးလူးဖြင့်ကန်ကျောက်နေသောသင့်ကိုမြင်၍ အသက်ရှင်ပါဟု သင့်အား ငါဆို၏။ သွေးလူးနေသောသင့်ကို အသက်ရှင်ပါဟု ငါအားပေးခဲ့၏။ Ver CapítuloCommon Language Bible6 ``ထိုနောက်ငါသည်သင်၏အနီးမှဖြတ် သွားစဉ်သွေးထဲ၌ သင်လူးလျက်နေသည် ကိုမြင်ရ၏။ သင်သည်သွေးအလူးလူး နှင့်ဖြစ်နေစေကာမူငါသည်သင့်အား အသက်မသေစေခဲ့။- Ver CapítuloGarrad Bible6 ငါ သီ သွား၍၊ အ သွေး၌ ကန် ကျောက် လျက် နေ သည် ကို မြင် သော်၊ အ သွေး မွန်း လျက် ပင် ရှင် လော့ ဟု မြွက် ဆို၏။ အ သွေး မွန်း လျက် ပင် ရှင် လော့ ဟု မြွက် ဆို လျက်၊ Ver CapítuloJudson Bible6 ငါသည် လျှောက်သွား၍ အသွေးနှင့်လူးလျက်ရှိသော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။ Ver Capítulo |
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။