Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 7:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ကြောင့် ငါ​သည် နှုတ်ဆိတ်​၍​မ​နေ​နိုင်​ပါ​။ နာကြည်း​သော​စိတ်​ဖြင့် ငါ​ပြော​မည်​။ ခါးသီး​သော​စိတ်ဝိညာဉ်​ဖြင့် ငါ​ညည်းတွား​မည်​။

Ver Capítulo Copiar

Common Language Bible

11 ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ၏။

Ver Capítulo Copiar

Garrad Bible

11 အ ကျွန်ုပ် သည် နှုတ် ကို မ ချုပ် တည်း ဘဲ၊ စိတ် ဆင်း ရဲ၍ ပြော ဆို ခြင်း၊ စိတ် နစ် နာ၍ ညည်း တွား ခြင်း ပြု ပါ မည်။

Ver Capítulo Copiar

Judson Bible

11 ထို​ကြောင့်​ငါ​သည် ကိုယ်​နှုတ်​ကို မ​ချုပ်​တည်း။ စိတ်​ပင်​ပန်း​လျက်​နှင့် စ​ကား​ပြော​ရ၏။ အ​လွန်​ညှိုး​ငယ်​သော စိတ်​နှင့် မြည်​တမ်း​ရ၏။

Ver Capítulo Copiar




ယောဘဝတ္တု။ 7:11
20 Referencias Cruzadas  

ထိုအခါ သူ​တို့​က “​အကယ်စင်စစ် ငါ​တို့​သည် ငါ​တို့​ညီ​အပေါ်​ပြု​ခဲ့​သော​အမှု​အတွက် အပြစ်ရှိ​သော​သူ​များ​ဖြစ်​ကြ​၏​။ သူ​သည် ငါ​တို့​ကို​အသနားခံ​သောအခါ သူ​စိတ်ဒုက္ခရောက်​နေ​သည်​ကို​ငါ​တို့​မြင်​ရ​သော်လည်း ငါ​တို့​နား​မ​ထောင်​ခဲ့​ကြ​ချေ​။ ထို့ကြောင့် ထို​ဒုက္ခ​သည် ငါ​တို့​အပေါ်​သို့​ရောက်​လေ​ပြီ​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။


ငါ​အသက်ရှင်​ရ​သည်​ကို ရွံမုန်း​လှ​ပြီ​။ ငါ​၏​စိတ်ဒုက္ခ​ကို ဖွင့်ချ​တော့​မည်​။ ငါ့​စိတ်​ထဲမှ​ခါးသီးမှု​ကို ရင်ဖွင့်​တော့​မည်​။


အကျွန်ုပ်​ဆိုးယုတ်​လျှင် အကျွန်ုပ်​၌ အမင်္ဂလာ​ရှိ​၏​။ အကျွန်ုပ်​ဖြောင့်မတ်​လျှင်ပင် ခေါင်း​မ​မော့​ဝံ့​ဘဲ အရှက်ကွဲ​လျက်​နေ​ရ​ပါ​၏​။ အကျွန်ုပ်​ခံရ​သော​ဆင်းရဲဒုက္ခ​ကို ကြည့်ရှုလှည့်​ပါ​။


ငါ့​ရှေ့​မှာ တိတ်တိတ်နေ​ကြ​လော့​။ ငါ​ပြော​ပါရစေ​။ ငါ​၌ ဖြစ်ချင်​ရာ​ဖြစ်​ပါစေ​။


ယခုမှာ ငါ​စကားပြော​လျှင်လည်း ငါ့​ဝေဒနာ မ​သက်သာ​ပါ​။ ငါ​မပြော​ဘဲ​နေ​လျှင်လည်း ငါ့​ဝေဒနာ ပျောက်ကင်း​သွား​ပါ​မည်လော​။


အခြား​တစ်​ယောက်​မူကား ကောင်းစား​ခြင်း​ကို တစ်ခါမျှ​မ​ခံစား​ရ​ဘဲ စိတ်​ထဲ၌ ခါးသီး​စွာ​ခံစား​ရ​ပြီးမှ သေ​တတ်​၏​။


“​ယနေ့​တွင် ဝေဒနာ​ကို ခါးသီး​စွာ​ခံစား​နေ​ရ​ပါ​၏​။ ညည်းတွား​ရ​လွန်း​၍ ငါ​လက်ပန်းကျ​ကုန်​ပြီ​။


မကောင်းမှု​ဘက်​သို့​မ​လှည့်​မိ​စေရန် သတိပြု​ပါ​လော့​။ အကြောင်းမူကား ဖိစီးမှု​ကို​ခံ​သည်​ထက် မကောင်းမှု​ကို​ပြု​ရန် သင်​ဆန္ဒရှိ​လေ​ပြီ​။


မျှော်လင့်ရာမဲ့​သော​ဤ​လူ​၏​စကား​မှာ လေ​သက်သက်​သာ​ဖြစ်​သည်​ဟု ထင်မှတ်​၍ သင်​တို့​သည် ထို​စကား​တို့​ကို ပြစ်တင်ရှုတ်ချ​နေ​ကြ​သလော​။


‘ငါ​သည် ကိုယ့်​စိတ်ဒုက္ခ​ကို မေ့ထား​ပြီး မျက်နှာ​ကို ကြည်ကြည်ရွှင်ရွှင်​ထား​မည်’​ဟု ငါ​ဆို​လျှင်​လည်း


ငါ​၏​စိတ်နှလုံး​သည် ငါ့​အထဲ​၌​ပူလောင်​လာ​၏​။ ငါ​ညည်းညူမြည်တမ်း​သောအခါ မီး​တောက်လောင်​၏​။ ထိုအခါ ငါ​၏​နှုတ်​ဖြင့် ငါ​ပြောဆို​သည်​မှာ


အကျွန်ုပ်​သည် လူအစုအဝေး​ကြီး​အလယ်​၌ ဖြောင့်မတ်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် မိမိ​နှုတ်​ကို​ပိတ်​၍​မ​နေ​ကြောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။


ငါ​ဘာများ​ပြောဆို​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငါ့​ကို​မိန့်​တော်မူ​သည့်​အတိုင်း ပြု​တော်မူ​ပြီ​။ စိတ်​ဒုက္ခဝေဒနာ​ကို ငါ​ခံစား​ခဲ့​ရ​သည်​ဖြစ်၍ ငါ့​အသက်တာ​တစ်လျှောက်လုံး သတိရှိရှိ​လျှောက်လှမ်း​ပါ​မည်​။


ကြည့်ရှု​လော့​။ အကျွန်ုပ်​ခံစား​ရ​သော​ဒုက္ခဝေဒနာ​သည် အကျွန်ုပ်​ကောင်း​ဖို့​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ နုတ်ယူ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို နောက်​တော်​သို့ ပစ်လိုက်​တော်မူ​ပြီ​။


ကိုယ်တော်​သည် ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​လျက် ပို၍​ပြင်းပြ​စွာ​ဆုတောင်း​တော်မူ​ရာ ကိုယ်တော်​၏​ချွေး​သည် မြေ​ပေါ်သို့​ကျ​သော​သွေး​စက်​သဖွယ်​ဖြစ်​လေ​၏။


သင်​တို့​ကို​ဝမ်းနည်း​စေရန်​မ​ဟုတ်​ဘဲ သင်​တို့​အပေါ် ငါ​ထားရှိ​သော ကြွယ်ဝ​သည့်​ချစ်​ခြင်း​မေတ္တာ​ကို သင်​တို့​သိ​စေရန် ငါ​သည် ကြီးစွာ​သော​စိတ်​ဆင်းရဲ​ခြင်း​နှင့် ပူဆွေး​ခြင်း​ထဲမှ မျက်ရည်​များစွာ​ဖြင့် သင်​တို့​ထံသို့​ရေး​လိုက်​ခြင်း​ဖြစ်​၏။


ဟန္န​သည် စိတ်နှလုံး​ကြေကွဲ​စွာ​ဖြင့် ထာဝရဘုရား​ထံ ငိုယို​လျက်


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos