Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 24:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 လူ​တို့​သည် ဖတဆိုး​ကို အမိ​ရင်ခွင်​မှ ဆွဲထုတ်​၏​။ ဆင်းရဲသား​ထံမှ အပေါင်ပစ္စည်း​ကို သိမ်းယူ​၏​။

Ver Capítulo Copiar

Common Language Bible

9 အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။

Ver Capítulo Copiar

Garrad Bible

9 ဖ သက် ဆိုး တို့ ကို ရင် ခွင် မှ လု ယူ၍၊ သူ ဆင်း ရဲ တို့၏ အ ဝတ် ကို အ ပေါင် ခံ တတ် သူ တို့ ရှိ ကြ သေး၏။

Ver Capítulo Copiar

Judson Bible

9 အ​ဘ​မ​ရှိ​သော​သူ​ငယ်​သည် အ​မိ​နို့​နှင့်​ကွာ​ရ၏။ ဆင်း​ရဲ​သား​သည် မိ​မိ​ဥ​စ္စာ​ကို ပေါင်​ထား​ရ၏။

Ver Capítulo Copiar




ယောဘဝတ္တု။ 24:9
9 Referencias Cruzadas  

ပရောဖက်​အဖွဲ့သား​များ​၏​ဇနီး​သည်​များ​ထဲမှ အမျိုးသမီး​တစ်​ယောက်​က ဧလိရှဲ​အား “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခင်ပွန်း သေဆုံး​သွား​ပါ​ပြီ​။ အရှင့်​အစေအပါး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ကြောင်း​ကို အရှင်​သိ​ပါ​၏​။ ယခု​မှာ ကြွေးရှင်​က အကျွန်ုပ်​၏​သား​နှစ်​ဦး​ကို ကျွန်​အဖြစ် သိမ်းယူ​ဖို့ လာ​ပါ​ပြီ​”​ဟု အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။


စင်စစ် ငါ​တို့​နှင့် ငါ​တို့​ညီအစ်ကို​တို့​သည် တစ်သွေးတစ်သား​တည်း​ဖြစ်​၏​။ ငါ​တို့​သားသမီး​သည် သူ​တို့​သားသမီး ဖြစ်​၏​။ သို့ရာတွင် ကိုယ့်​သားသမီး​များ​ကို အတင်းအကျပ်​ကျွန်ခံ​စေ​ရ​တော့​မည်​။ ငါ​တို့​သမီး​အချို့​ပင် ကျွန်ခံ​နေ​ရ​ပြီ​။ ငါ​တို့​လယ်မြေ​နှင့်​စပျစ်ခြံ​များ အခြား​သူ​လက်​သို့ ရောက်သွား​ပြီ​ဖြစ်၍ ယခုမူ ငါ​တို့ မည်သို့​မျှ​မ​တတ်နိုင်​”​ဟု ဆို​ကြ​၏​။


သင်​သည် ကိုယ့်​ညီအစ်ကို​တို့​၏​အပေါင်ပစ္စည်း​ကို​ပင် အကြောင်းမဲ့​သိမ်းယူ​၍ သူ​တို့​၏​အဝတ်​ကို ချွတ်ယူ​ကာ အဝတ်မပါ​အချည်းစည်း ရှိ​စေ​၏​။


ဆင်းရဲသား​တို့​သည် အဝတ်မပါ ကိုယ်ဗလာ​နှင့် သွားလာ​ကြ​ရ​၏​။ ဆာလောင်​လျက်​နှင့်​ပင် ကောက်လှိုင်းစည်း​ကို သယ်​ကြ​ရ​၏​။


တောင်​ပေါ်​မိုး​ကြောင့် စိုရွှဲ​ကုန်​၏​။ ခိုလှုံစရာ​မ​ရှိ​သောကြောင့် ကျောက်ဆောင်​များ​ကြားတွင် ခို​နေ​ရ​၏​။


ငါ​သည် အကူအညီ​အော်ဟစ်​တောင်းခံ​သော​ဆင်းရဲသား​နှင့် အကူအညီမဲ့​သော​ဖတဆိုး​တို့​ကို ကယ်မ​ပေး​ခဲ့​၏​။


ဖတဆိုး​ကို​ပင် သင်​တို့​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ကိုယ့်​မိတ်ဆွေရင်း​ကို​ပင် သင်​တို့​ရောင်းစား​ကြ​၏​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏​သက်ကြီးဝါကြီး​များ​၊ အကြီးအကဲ​များ​ကို တရားစီရင်​ရန် ကြွလာ​တော်မူ​မည်​။ “​သင်​တို့​သည် စပျစ်ခြံ​ကို ဝါးမျို​ဖျက်ဆီး​ကြ​ပြီ​။ ဆင်းရဲသား​တို့​၏​ပစ္စည်း​ကို လုယူ​၍ သင်​တို့​အိမ်​၌ သိမ်းထား​ကြ​ပြီ​။


တစ်စုံတစ်ယောက်​သည် မိမိ​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​ထဲမှ တစ်ယောက်ယောက်​ကို ခိုးယူ​ပြီး ထို​သူ​ကို ကျွန်ပြု​သည်​ဖြစ်စေ​၊ ရောင်းစား​သည်​ဖြစ်စေ ထို​သူခိုး​ကို​တွေ့​လျှင် အသေသတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos