ယောဘဝတ္တု။ 11:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်ပြုသောအပြစ်ကို စွန့်ပစ်ပြီး သင့်တဲများ၌ မကောင်းမှုကို လက်မခံလျှင် Ver CapítuloCommon Language Bible14 သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊ Ver CapítuloGarrad Bible14 လက် ဝယ် ရှိ သော ဒု စ ရိုက် ကို ကင်း ဝေး စေ လျက်၊ သင့် တဲ များ တွင် မ တ ရား မှု ကို တည်း ခို ခွင့် မ ပြု လျှင်လည်း ကောင်း၊ Ver CapítuloJudson Bible14 သင်ပြုသောဒုစရိုက်ကို ပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်လည်းကောင်း၊ Ver Capítulo |
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။