Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 11:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင်​သည် ကိုယ့်​စိတ်နှလုံး​ကို ပြင်ဆင်​၍ ကိုယ်တော့်​ထံ လက်ဖြန့်​လျှင်​၊

Ver Capítulo Copiar

Common Language Bible

13 သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊

Ver Capítulo Copiar

Garrad Bible

13 သင် သည်၊ စိတ် နှ လုံး ကို ပြု ပြင်၍၊ ကိုယ် တော့် ထံ လက် အုပ် ချီ လျှင်လည်း ကောင်း၊

Ver Capítulo Copiar

Judson Bible

13 သင်​သည် စိတ်​နှ​လုံး​ကို​ပြင်​ဆင်၍ လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆန့်​လျှင်​လည်း​ကောင်း၊

Ver Capítulo Copiar




ယောဘဝတ္တု။ 11:13
18 Referencias Cruzadas  

ရောဗောင်​မင်းကြီး​သည် ထာဝရဘုရား​ကို ရှာ​လို​သော​စိတ်​မ​ရှိ​ဘဲ မကောင်းမှု​များ​ကို​သာ ပြု​ခဲ့​၏​။


သို့သော် မင်းကြီး​၌ ကောင်း​သော​အရာ ရှိ​၏​။ မင်းကြီး​သည် တိုင်းပြည်​တွင်​ရှိ​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​တို့​ကို ဖယ်ရှား​ပြီး ဘုရားသခင်​ကို​ရှာ​လို​သော​စိတ်​ရှိ​လေ​ပြီ​”​ဟု သူ့​အား ဆို​၏​။


အဘယ်ကြောင့် သင့်​စိတ်အလို​ကို သင်​လိုက်​ရ​သနည်း​။ အဘယ်ကြောင့် သင့်​မျက်လုံး​များ​အရောင်တောက်​နေ​ရ​သနည်း​။


အနန္တတန်ခိုးရှင်​ထံ​ပြန်လာ​လျှင် သင့်​ကို ပြန်တည်ဆောက်​တော်မူ​မည်​။ မတရားမှု​များ​ကို သင့်​တဲ​များ​နှင့် ဝေးကွာ​စေ​၍


သင်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​မည်​။ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို​လည်း သင်​ပြည့်စုံ​စေ​နိုင်​လိမ့်မည်​။


ကြည့်ရှု​လော့​။ ဘုရားသခင်​၏​ဆုံးမ​ခြင်း​ကို ခံရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ထို့ကြောင့် အနန္တတန်ခိုးရှင်​ဆုံးမ​တော်မူ​သည်​ကို မထီမဲ့မြင်​မ​ပြု​ပါ​နှင့်​။


ငါ​မူကား ဘုရားသခင်​ကို​ရှာ​မည်​။ ငါ​၏​အမှုအရာ​ကို ဘုရားသခင်​ထံ အပ်​မည်​။


အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ အကျွန်ုပ်​လက်​ကို​ဆန့်​ပါ​၏​။ မွတ်သိပ်​သော​မြေ​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။(​စေလာ)


သံတမန်​တို့​သည် အီဂျစ်​ပြည်​မှ​ရောက်လာ​ကြ​လိမ့်မည်​။ အီသီယိုးပီးယား​ပြည်​သည် ဘုရားသခင်​ထံသို့ မိမိ​လက်​ကို​ဆန့်​လိမ့်မည်​။


ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ဘုရားရှင်​ကို​ငါ​ရှာ​၏​။ ညအချိန်​၌ ငါ​၏​လက်​တို့​ကို လက်ပန်း​မ​ကျ​စေ​ဘဲ ဆန့်တန်း​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် နှစ်သိမ့်ပေး​ခြင်း​ကို ငြင်းပယ်​၏​။


ထိုသို့​အားဖြင့် သူ​တို့​သည် သူ​တို့​၏​ဘိုးဘေး​များ​ကဲ့သို့ ဖြစ်​ကြ​တော့​မည်​မ​ဟုတ်​။ ထို​ဘိုးဘေး​တို့​သည် ခေါင်းမာ​၍ ပုန်ကန်​တတ်​သည့်​မျိုးဆက်​၊ သူ​တို့​၏​စိတ်နှလုံး​တည်ကြည်​ခြင်း​မ​ရှိ​သကဲ့သို့ သူ​တို့​၏​ဝိညာဉ်​သည်​လည်း ဘုရားသခင်​အပေါ် သစ္စာ​မ​ရှိ​သော​မျိုးဆက်​ဖြစ်​ကြ​၏​။


ဖိစီးနှိပ်စက်မှု​ကြောင့် အကျွန်ုပ်​၏​မျက်စိ​သည် မှုန်ဝါး​နေ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို နေ့စဉ်နေ့တိုင်း​ခေါ်​လျက် ကိုယ်တော့်​ထံ အကျွန်ုပ်​၏​လက်​ကို ဆန့်တန်း​နေ​ပါ​၏​။


မောရှေ​က​လည်း “​အကျွန်ုပ်​သည် မြို့​ထဲမှ​ထွက်​သည်​နှင့် ထာဝရဘုရား​ထံသို့ အကျွန်ုပ်​၏​လက်​ကို​ဖြန့်​ပါ​မည်​။ ထာဝရဘုရား​သည် မြေကြီး​ကို​ပိုင်​တော်မူ​ကြောင်း အရှင်​သိ​စေရန် မိုးချုန်းသံ​များ​ရပ်​၍ မိုးသီး​လည်း ကျ​တော့​မည်​မ​ဟုတ်​။


ကောင်းကင်ဘုံ​ရှိ ထာဝရဘုရား​ထံ ငါ​တို့​စိတ်နှလုံး​ပါ​လျက် လက်​ကို ချီ​ကြ​စို့​။


မိမိ​သခင်​၏​အလို​ကို​သိ​လျက်​ပင် ပြင်ဆင်​ထား​ခြင်း​မ​ရှိ​၊ သို့မဟုတ် သခင်​၏​အလို​အတိုင်း​လုပ်ဆောင်​ခြင်း​မ​ရှိ​သော အစေအပါး​သည် များစွာ​ရိုက်နှက်​ခြင်း​ခံရ​လိမ့်မည်။


ထိုအခါ ရှမွေလ​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့ ထာဝရဘုရား​ထံ​တော်​သို့​ပြန်လာ​လို​လျှင် သင်​တို့​တွင်​ရှိ​သော​တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​၊ အာရှတရက်​ဘုရား​များ​ကို ဖယ်ရှား​ရ​မည်​။ ထာဝရဘုရား​ထံ၌​သာ စိတ်အာရုံပြု​၍ ကိုယ်တော်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်​။ သို့ပြုလျှင် သင်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်နုတ်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos