မဿဲ 26:47 - မြန်မာ့စံမီသမ္မာကျမ်း47 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများက စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။ Ver CapítuloCommon Language Bible47 ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။- Ver CapítuloGarrad Bible47 ထို သို့ မိန့် တော် မူ စဉ် ပင် တစ် ဆယ့် နှစ် ပါး ပါ ဝင် သူ ယု ဒ သည် ရောက် လာ၍ ဓား၊ တုတ်၊ လက် နက် စွဲ ကိုင် သော လူ အ မြောက် အ မြား လည်း ပ ရော ဟိတ် ကြီး တို့ နှင့် လူ မျိုး တော် တွင် လူ ကြီး တို့ ထံ မှ လိုက် ကြ၏။ Ver CapítuloJudson Bible47 ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း47 ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့က လွှတ်လိုက်သောလူအုပ် ဖြစ်၏။ Ver Capítuloမြန်မာ47 ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။- Ver Capítulo |