မဿဲ 22:21 - မြန်မာ့စံမီသမ္မာကျမ်း21 သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သို့ဖြစ်လျှင် ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible21 သူတို့က ``ဧကရာဇ်၏ရုပ်ပုံ၊ ဧကရာဇ်ဘုရင်ကမ္ပည်း လိပ်စာဖြစ်ပါသည်'' ဟုပြန်လျှောက်ကြ၏။ ထိုအခါကိုယ်တော်က ``ဧကရာဇ်ဘုရင်ပိုင်သည့် အရာကိုဧကရာဇ်ဘုရင်အားဆက်ကြလော့။ ဘုရားသခင်ပိုင်သည့်အရာကိုဘုရားသခင် အားဆက်ကြလော့'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible21 ကဲ သာ မင်း ၏ ပုံ နှင့် က မ္ပည်း ဖြစ် ပါ သည် ဟု ဖြေ ဆို ကြ သည့် ကာ လ သို့ ဖြစ် လျှင် ကဲ သာ မင်း ပိုင် ဆိုင် ရာ များ ကို ကဲ သာ မင်း အား လည်း ကောင်း၊ ဘု ရား သ ခင့် ပိုင် ဆိုင် တော် မူ ရာ များ ကို ဘု ရား သ ခင် အား လည်း ကောင်း ဆက် ကြ လော့ ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible21 ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 သူတို့က “ဆီဇာဘုရင်၏ ပုံနှင့်အမည် ပါရှိသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှုက “သို့ဖြစ်လျှင် ဆီဇာဘုရင်နှင့်ဆိုင်သောအရာများကို ဆီဇာဘုရင်အား ပေးဆောင်ကြလော့။ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အား ပေးဆောင်ကြလော့” ဟု ထိုသူတို့အား မိန့်တော်မူ၏။ Ver Capítuloမြန်မာ21 ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။- Ver Capítulo |