မဿဲ 17:25 - မြန်မာ့စံမီသမ္မာကျမ်း25 ပေတရုက “ပေးဆောင်ပါသည်”ဟု ဖြေပြီးမှ အိမ်ထဲသို့ဝင်လာရာ ယေရှုက“ရှိမုန်၊ သင်မည်သို့ထင်မြင်သနည်း။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် မည်သူ့ထံမှ အခွန်အကောက်များကို ကောက်ခံကြသနည်း။ မိမိတို့၏သားများထံမှလော၊သို့မဟုတ် သူတစ်ပါးတို့ထံမှလော”ဟု ပေတရုကို ဆီး၍မေးတော်မူ၏။ Ver CapítuloCommon Language Bible25 ပေတရုက ``ပေးဆောင်ပါသည်'' ဟုဆို၏။ ထိုနောက်အိမ်ထဲသို့ပေတရုဝင်လာသောအခါ သခင်ယေရှုသည်ပေတရုမပြောမီ ``ရှိမုန်၊ သင် အဘယ်သို့ထင်မြင်ပါသနည်း။ လောကီဘုရင် တို့သည်မည်သူ့ထံမှအခွန်အကောက်များကို ကောက်ခံကြသနည်း။ တိုင်းရင်းသားများထံမှ လော။ နိုင်ငံခြားသားများထံမှလော'' ဟု မေးတော်မူ၏။ Ver CapítuloGarrad Bible25 ထို နောက် ပေ တ ရု သည် အိမ် သို့ ဝင် လာ သော အ ခါ ယေ ရှု က အို ရှိ မုန်၊ မည် သို့ ထင် သ နည်း။ ပြည့် ရှင် မင်း တို့ သည် အ ခွန် အ ကောက် များ ကို မည် သူ့ ထံ မှ ကောက် ခံ ကြ သ နည်း။ သား ရင်း တို့ ထံ မှ လော။ သူ တစ် ထူး တို့ ထံ မှ လော ဟု ကြို တင် မေး တော် မူ ရာ၊ Ver CapítuloJudson Bible25 ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာ အခွန်ကိုခံကြသနည်း။ မိမိသားမှာ ခံကြသလော။ သူတစ်ပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း25 ပေတရုက “ပေးဆောင်ပါသည်” ဟု ဖြေကာ အိမ်သို့ဝင်လေ၏။ ထိုအခါ ပေတရုမလျှောက်မီ ယေရှုက ကြိုတင်၍ “ပေတရု… ဤအကြောင်းကို သင်မည်သို့ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အခွန်အကောက်များကို မည်သူ့ထံမှ ကောက်ခံကြသနည်း။ မိမိတို့၏နိုင်ငံသားထံမှလော၊ သို့မဟုတ် အခြားသူများထံမှလော” ဟု မေးတော်မူ၏။ Ver Capítuloမြန်မာ25 ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာ အခွန်ကိုခံကြသနည်း။ မိမိသားမှာ ခံကြသလော။ သူတစ်ပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊ Ver Capítulo |
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။