Biblia Todo Logo
La Biblia Online
- Anuncios -




ဗျာ​ဒိတ် 9:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ပဉ္စမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​မှ​မြေကြီး​ပေါ်သို့​ကျ​လာ​သော ကြယ်​တစ်​လုံး​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​၏​သော့​ကို ပေးအပ်​ထား​၏။

Ver Capítulo Copiar

Common Language Bible

1 ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​ကမ္ဘာ​မြေ ပေါ်​သို့​ကြယ်​တစ်​လုံး​ကြွေ​ကျ​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား​တွင်း​နက်​ကြီး​၏ တံ​ခါး​သော့​ကို​ပေး​အပ်​ထား​၏။-

Ver Capítulo Copiar

Garrad Bible

1 ပ ဥ္စ မ စေ တ မန် တော် တံ ပိုး မှုတ် သည့် ကာ လ ငါ မျှော် ကြည့် ရာ ကောင်း ကင် မှ မြေ သို့ ကျ သော ကြယ် ဖြစ် သူ သည် င ရဲ တွင်း သော့ ကို ခံ ရ ပြီး လျှင်၊

Ver Capítulo Copiar

Judson Bible

1 ပ​ဥ္စ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကြယ်​တစ်​လုံး​သည် ကောင်း​ကင်​က မြေ​ကြီး​ပေါ်​သို့ ကျ​သည်​ကို ငါ​မြင်၏။ သူ၌ အ​နက်​ဆုံး​သော​တွင်း၏ သော့​ကို အပ်​ပေး​သည်​ဖြစ်၍၊-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ပဉ္စမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ ကြယ်​တစ်လုံး​သည် ကောင်းကင်​မှ ကမ္ဘာမြေ​ပေါ်​သို့ ကြွေကျသည်​ကို ကျွန်ုပ်​မြင်ရ၏။ ထို​ကြယ်​အား တွင်းနက်ကြီး​၏​သော့​ကို ပေးတော်မူ၏။

Ver Capítulo Copiar




ဗျာ​ဒိတ် 9:1
20 Referencias Cruzadas  

အို နံနက်​သား​၊ မိုးသောက်ကြယ်​၊ သင်​သည် ကောင်းကင်​မှ ကျ​လေ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​ကို အောင်နိုင်​သော​သင်​သည် မြေ​သို့​တိုင်​ခုတ်လှဲ​ခြင်း​ခံရ​လေ​ပြီ​တကား​။


ကိုယ်တော်​က​လည်း“စာတန်​သည် လျှပ်စီးလက်​သကဲ့သို့ မိုး​ကောင်းကင်​မှ​ကျ​သည်​ကို ငါ​မြင်​ရ​၏။


တစ်ဖန် နတ်ဆိုး​တို့​က မိမိ​တို့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​သွား​ရန် အမိန့်​မ​ပေး​ပါ​မည့်အကြောင်း ကိုယ်တော်​အား​တောင်းပန်​ကြ​၏။


သို့မဟုတ် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့ မည်သူ​ဆင်း​မည်နည်းဟူ၍​လည်း မ​ပြော​နှင့် (ဤသည်ကား ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​ခြင်း​ဖြစ်​၏)”​ဟု ဆို​ထား​၏။


အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။


ငါ​၏​လက်ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခုနစ်​လုံး​နှင့်​ရွှေ​ဆီမီးခုံ​ခုနစ်​ခု​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အဓိပ္ပာယ်​မှာ ကြယ်​ခုနစ်​လုံး​သည် အသင်းတော်​ခုနစ်​ပါး​၏​စေတမန်​များ​ဖြစ်​ကြ​ပြီး ဆီမီးခုံ​ခုနစ်​ခု​သည် အသင်းတော်​ခုနစ်​ပါး​ဖြစ်​ကြ​၏။


သူ​တို့​သက်သေခံ​ပြီး​သောအခါ အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲမှ တက်​လာ​သော​သားရဲ​သည် သူ​တို့​နှင့်​စစ်တိုက်​၍ အောင်မြင်​ပြီး သူ​တို့​ကို​သတ်ဖြတ်​လိမ့်မည်။


သင်​မြင်​ရ​သော​သားရဲ​သည် ယခင်က​ရှိ​ခဲ့​ပြီး ယခု​မ​ရှိ၊ မကြာမီ အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲမှ​တက်​လာ​၍ ပျက်စီး​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​ထဲတွင် ကမ္ဘာ​တည်​ချိန်​မှစ၍ အသက်​စာစောင်​၌​စာရင်း​မ​ဝင်​သော​သူ​တို့​သည် ယခင်က​ရှိ​ခဲ့​ပြီး ယခု​မ​ရှိ၊ မကြာမီ​ရောက်လာ​မည့် ထို​သားရဲ​ကို​မြင်​လျက် အံ့ဩ​ကြ​လိမ့်မည်။


ထို့နောက် ကောင်းကင်​တမန်​တစ်​ပါး​သည် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​၏​သော့​နှင့် ကြီးမား​သော​သံကြိုး​တို့​ကို မိမိ​လက်​၌​ကိုင်​ထား​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည်​ကို ငါ​မြင်​ရ​၏။


သူ​တို့​ကို​လှည့်ဖြား​သော​မာရ်နတ်​သည်​လည်း သားရဲ​နှင့်​ပရောဖက်​အတုအယောင်​တို့​ရှိ​ရာ ကန့်​နှင့်​ရော​သော​မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​၏။ သူ​တို့​သည် ထို​နေရာ​၌ နေ့​ရော​ည​ပါ ကမ္ဘာ​အဆက်ဆက် ညှဉ်းဆဲ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


ကောင်းကင်​မှ​ကြယ်​များ​သည် လေ​ပြင်း​လှုပ်ခါ​သောအခါ သဖန်းပင်​မှ​အသီးစိမ်း​များ​ကြွေကျ​သကဲ့သို့ မြေကြီး​ပေါ်သို့​ကျ​ကြ​၏။


တတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီးရှူး​သဖွယ်​တောက်လောင်​နေ​သော ကြယ်​ကြီး​တစ်​လုံး​သည် ကောင်းကင်​မှ​ကြွေကျ​၍ မြစ်​များ​၏​သုံးပုံတစ်ပုံ​အပေါ်​နှင့် စမ်းရေ​တွင်း​များ​အပေါ်သို့ ကျ​လေ​၏။


စတုတ္ထ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ နေ​၏​သုံးပုံတစ်ပုံ၊ လ​၏​သုံးပုံတစ်ပုံ၊ ကြယ်​များ​၏​သုံးပုံတစ်ပုံ​တို့​သည် ထိပါး​တိုက်ခိုက်​ခြင်း​ခံရ​သဖြင့် ၎င်း​တို့​၏​သုံးပုံတစ်ပုံ​သည် မှောင်မည်း​သွား​လေ​၏။ နေ့​၏​သုံးပုံတစ်ပုံ​သည်​လည်း အလင်းရောင်​ကွယ်ပျောက်​လျက် ည​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။


ထို့နောက် ဘုရားသခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံပိုးခရာ​ခုနစ်​ခု​ကို​ပေး​ထား​၏။


သူ​သည် ထို​အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​ကို ဖွင့်​လိုက်​သောအခါ မီးဖို​ကြီး​၏​မီးခိုး​ကဲ့သို့သော​မီးခိုး​များ​သည် ထို​တွင်း​ထဲမှ​တက်​လာ​ပြီး ထို​တွင်း​၏​မီးခိုး​များ​ကြောင့် နေ​နှင့်​အာကာသ​သည် မှောင်မိုက်​သွား​လေ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos