ဗျာဒိတ် 8:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထို့နောက် ငါကြည့်လျှင် ကောင်းကင်အလယ်တွင် ပျံသန်းနေသောလင်းယုန်တစ်ကောင်က “ကောင်းကင်တမန်သုံးပါးတို့မှုတ်တော့မည့် ကျန်ရှိသောတံပိုးခရာတို့၏အသံကြောင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏”ဟု ကျယ်လောင်သောအသံဖြင့်ဆိုသည်ကို ငါကြားရ၏။ Ver CapítuloCommon Language Bible13 ထိုနောက်ငါကြည့်လိုက်သောအခါကောင်းကင် အလယ်တွင် ပျံဝဲလျက်နေသောလင်းယုန်ငှက် တစ်ကောင်ကိုမြင်ရ၏။ ထိုငှက်က``အခြားကောင်း ကင်တမန်သုံးပါးမှုတ်ကြမည့်တံပိုးခရာသံ သုံးချက်ကြောင့်ကမ္ဘာမြေပေါ်ရှိသတ္တဝါတို့ သည်အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြ လိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်'' ဟုအသံ ကျယ်စွာပြောဆိုနေသည်ကိုငါကြားရ၏။ Ver CapítuloGarrad Bible13 ထို အ ခါ ငါ မျှော် ကြည့် ရာ ရွှေ လင်း တ တစ် ကောင် သည် ကောင်း ကင့် အ လယ် တွင် ပျံ ဝဲ လျက် ကြွင်း သော စေ တ မန် တော် သုံး ပါး တို့ မှုတ် ရ ဦး မည့် တံ ပိုး သံ များ ကြောင့် မြေ ကြီး ပေါ် တွင် နေ ထိုင် သူ တို့၌ အ မင်္ဂ လာ၊ အ မင်္ဂ လာ၊ အ မင်္ဂ လာ ရှိ သည် ဟု၊ ကျယ် သော အ သံ နှင့် မြည် ကြွေး သည် ကို ကြား ရ ၏။ Ver CapítuloJudson Bible13 ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတတစ်ကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန်သုံးပါး မှုတ်လုလတ္တံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင်အလယ်၌ ပျံဝဲ၍ ကြီးသောအသံနှင့် ဆိုသည်ကို ငါကြား၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း13 ထို့နောက် ကောင်းကင်အလယ်၌ ပျံဝဲနေသည့် လင်းယုန်ငှက်တစ်ကောင်ကို ကျွန်ုပ်မြင်ရ၏။ ထိုလင်းယုန်က “ကျန်ရှိသောကောင်းကင်တမန်သုံးပါးတို့၏ တံပိုးခရာမှုတ်တော့မည့်အသံကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်” ဟုကျယ်လောင်စွာ ကြွေးကြော်သည်ကို ကျွန်ုပ်ကြားရ၏။ Ver Capítulo |
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။