ဗျာဒိတ် 17:7 - မြန်မာ့စံမီသမ္မာကျမ်း7 ထိုအခါ ကောင်းကင်တမန်က “သင်သည် အဘယ်ကြောင့်အံ့ဩသနည်း။ ထိုမိန်းမနှင့် သူ့ကိုသယ်ဆောင်သော ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိသည့် သားရဲတို့၏လျှို့ဝှက်နက်နဲသောအချက်ကို သင့်အား ငါပြောပြမည်။ Ver CapítuloCommon Language Bible7 ကောင်းကင်တမန်ကအဘယ်ကြောင့်အံ့သြ သနည်း။ ထိုအမျိုးသမီး၏လျှို့ဝှက်သည့် အနက်အဋ္ဌိပ္ပါယ်ကိုလည်းကောင်း၊ သူထိုင်နေ သောဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိသည့်သားရဲ၏လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ် ကိုလည်းကောင်းငါပြောပြမည်။- Ver CapítuloGarrad Bible7 စေ တ မန် တော် က အ ဘယ် ကြောင့် အံ့ သြ သ နည်း။ ထို မိန်း မ မှ စ၍ ဦး ခေါင်း ခု နစ် လုံး၊ ဦး ချို ဆယ် ချောင်း ရှိ၊ ထို မိန်း မ စီး သော သား ရဲ နှင့် စပ် သည့် နက် နဲ ရာ ကို ငါ ဖော် ပြ မည်။ Ver CapítuloJudson Bible7 ကောင်းကင်တမန်ကလည်း၊ အဘယ်ကြောင့် အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသော အရာကိုလည်းကောင်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကိုလည်းကောင်း၊ ငါပြောမည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 ထိုအခါ ကောင်းကင်တမန်က “အဘယ်ကြောင့် အံ့သြနေသနည်း။ ထိုအမျိုးသမီး၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာကိုလည်းကောင်း၊ ထိုအမျိုးသမီး ထိုင်နေသော ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ရှိသည့် သားရဲ၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကိုလည်းကောင်း ငါပြောပြမည်။ Ver Capítulo |
သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။