ဗျာဒိတ် 10:7 - မြန်မာ့စံမီသမ္မာကျမ်း7 သတ္တမကောင်းကင်တမန်မှုတ်ရမည့် တံပိုးခရာမှုတ်သံမြည်သောနေ့ရက်ကာလ၌ ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာသည် မိမိအစေအပါးပရောဖက်တို့အား ပြောကြားခဲ့သည့်အတိုင်း ပြည့်စုံခြင်းသို့ရောက်လိမ့်မည်”ဟု ဆို၏။ Ver CapítuloCommon Language Bible7 သတ္တမကောင်းကင်တမန်တံပိုးခရာမှုတ်သော အခါ၌ ကိုယ်တော်သည်မိမိ၏နက်နဲသော အကြံအစည်တော်တို့ကိုပြီးမြောက်စေ တော်မူမည်'' ဟုဆိုလေသည်။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်ရမည့်နေ့ရက်တွင် ဘုရားသခင်သည် မိမိအစေအပါး ပရောဖက်များအား ဟောပြောကြေညာတော်မူသည့်အတိုင်း မိမိ၏ လျှို့ဝှက်နက်နဲသောအကြံအစည်သည် ပြီးမြောက်လိမ့်မည်” ဟု ကျိန်ဆို၏။ Ver Capítulo |
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။