ဗျာဒိတ် 10:6 - မြန်မာ့စံမီသမ္မာကျမ်း6 ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူပြီး ကောင်းကင်နှင့် ကောင်းကင်၌ရှိသောအရာများကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီးပေါ်၌ရှိသောအရာများကိုလည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်၌ရှိသောအရာများကိုလည်းကောင်း ဖန်ဆင်းတော်မူသောအရှင်ကို တိုင်တည်၍ “အချိန်ကာလကြာညောင်းတော့မည်မဟုတ်။ Ver CapítuloCommon Language Bible6 ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူ၍မိုး၊ မြေ၊ ပင်လယ်မှစ၍အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၏နာမ တော်ကိုတိုင်တည်လျက်``နောက်ထပ်နှောင့်နှေး ကြန့်ကြာမှုရှိမည်မဟုတ်။ ဘုရားသခင် သည်မိမိ၏အစေခံပရောဖက်တို့အား ဗျာဒိတ်ပေးတော်မူခဲ့သည်နှင့်အညီ၊- Ver CapítuloGarrad Bible6-7 ကျွန် တော် ရင်း ပ ရော ဖက် တို့ အား ဖော် ပြ တော် မူ သည် နှင့် အ ညီ ဘု ရား သ ခင့် နက် နဲ ရာ သည် သ တ္တ မ စေ တ မန် တော် တံ ပိုး မှုတ် မည့် နေ့ ရက် ကာ လ တွင် မ နှောင့် မ နှေး ပြီး စီး မည် ဟု က မ္ဘာ အ ဆက် ဆက် အ သက် ရှင် တော် မူ ထ သော၊ မိုး မြေ၊ ရေ နှင့် ပါ ရှိ သ မျှ ကို ဖန် ဆင်း တော် မူ သော အ ရှင် အား တိုင် တည်၍ သ စ္စာ ဆို ပြီး နောက် ငါ ကြား ခဲ့ ရာ ကောင်း ကင် အ သံ က၊ Ver CapítuloJudson Bible6-7 ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသတင်းကို ဗျာဒိတ်ထားတော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထို့နောက် အစဉ်ထာဝရအသက်ရှင်တော်မူပြီး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် အရပ်ရပ်တို့၌ ရှိသမျှအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို တိုင်တည်၍ ထိုကောင်းကင်တမန်က “နောက်ထပ် အချိန်ကြန့်ကြာတော့မည် မဟုတ်။ Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။