ဖိလေမုန် 1:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထိုသို့ဆိုရာ၌ ကျွန်တစ်ဦးကဲ့သို့မဟုတ်တော့ဘဲ ကျွန်ထက် ပို၍မြတ်သည့် ချစ်သောညီအစ်ကိုအဖြစ် ရရှိခြင်းကိုဆိုလို၏။ အထူးသဖြင့် ငါ့အတွက် ထိုသို့ဖြစ်လေပြီ။ သင့်အတွက်မူကား သွေးသား၌လည်းကောင်း၊ သခင်ဘုရား၌လည်းကောင်း မည်မျှပို၍ ထိုကဲ့သို့ဖြစ်လိမ့်မည်နည်း။ Ver CapítuloCommon Language Bible16 ယခုအခါသူသည်ကျွန်မျှသာမဟုတ်တော့ဘဲ ခရစ်တော်၌ချစ်သောညီအစ်ကိုဖြစ်လာပေပြီ။ သူသည်ငါ၏အတွက်အလွန်တန်ဖိုးရှိပေသည်။ သို့ရာတွင်သင်၏အတွက်ကျွန်အနေနှင့်လည်း ကောင်း၊ သခင်ဘုရား၌ညီအစ်ကိုအနေနှင့် လည်းကောင်းများစွာပို၍ပင်တန်ဖိုးရှိမည်။ Ver CapítuloJudson Bible16 ထိုသို့ဆိုသော်၊ အစေခံကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်လည်းကောင်း၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 သို့သော် ကျွန်ကဲ့သို့ မဟုတ်တော့ဘဲ ကျွန်ထက် ပိုမြတ်သည့် ချစ်ရသောညီအစ်ကိုကဲ့သို့ရှိနေရန် ဆိုလို၏။ သူသည် အထူးသဖြင့် ကျွန်ုပ်အတွက်လည်း ချစ်ခင်ရသောညီအစ်ကိုကဲ့သို့ ဖြစ်၏။ သင့်အတွက်မှာမူ ကျွန်ကဲ့သို့လည်းကောင်း၊ သခင်ဘုရားကို ယုံကြည်ကြသောညီအစ်ကိုကဲ့သို့လည်းကောင်း ပို၍ ချစ်ခင်ရသောသူဖြစ်၏။ Ver Capítulo |
မိမိတို့သခင်သည် ယုံကြည်သူဖြစ်လျှင် သခင်သည် ညီအစ်ကိုဖြစ်သည်ဟုဆိုလျက် မထီမဲ့မြင်မပြုဘဲ သာ၍ကောင်းစွာအစေခံကြစေ။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအစေခံခြင်း၏အကျိုးကို ခံစားရသောသခင်သည် ယုံကြည်သူဖြစ်ပြီး မိမိချစ်ရသောသူလည်းဖြစ်၏။ သင်သည် ဤအရာများကိုသွန်သင်၍ တိုက်တွန်းနှိုးဆော်လော့။