ဖိလိပ္ပိ 2:22 - မြန်မာ့စံမီသမ္မာကျမ်း22 သို့သော် တိမောသေသည် ငါနှင့်အတူ သားအဖကဲ့သို့ ကောင်းမြတ်သောသတင်းအတွက် အစေခံခဲ့သောကြောင့် သူ၏ရင့်ကျက်သောပါရမီကို သင်တို့သိကြ၏။ Ver CapítuloCommon Language Bible22 တိမောသေနှင့်ငါသည်သားအဖသဖွယ်အတူ တကွသတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော် ကိုအဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းကိုသင်တို့ သိကြ၏။- Ver CapítuloGarrad Bible22 တိ မော သေ မူ ကား သ တင်း တော် မြတ် တိုး ပွား စေ ခြင်း အ မှု ၌ သား အ ဘ ကဲ့ သို့ ငါ နှင့် အ တူ ဆောင် ရွက် လျက် သ ဘော ထင် ရှား ကြောင်း သင် တို့ သိ ၏။ Ver CapítuloJudson Bible22 သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း22 သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။ Ver Capítulo |
ထိုသူတို့နှင့်အတူ ငါတို့၏အခြားညီအစ်ကိုတစ်ဦးကိုလည်း စေလွှတ်လိုက်ပါ၏။ ငါတို့သည် သူ့ကို အကြိမ်ကြိမ်စစ်ဆေးပြီး သူသည် အကြောင်းကိစ္စများစွာတို့၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသောကြောင့် ယခု ပို၍ပင်စိတ်အားထက်သန်လျက်ရှိ၏။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
ငါ့သားတိမောသေ၊ သင်နှင့်ပတ်သက်၍ ယခင်ပရောဖက်ပြုဟောပြောထားသည့်အရာများနှင့်အညီ ဤညွှန်ကြားချက်ကို သင့်အား ငါပေး၏။ ဤသည်ကား သင်သည် ယုံကြည်ခြင်းနှင့်ကြည်လင်သောအသိစိတ်တို့ကိုစွဲကိုင်လျက် ထိုပရောဖက်ပြုဟောပြောထားသည့်အရာများအားဖြင့် ကောင်းသောတိုက်ပွဲကို တိုက်ခိုက်နိုင်မည့်အကြောင်းတည်း။