နေဟမိ 8:12 - မြန်မာ့စံမီသမ္မာကျမ်း12 လူအပေါင်းတို့သည်လည်း သူတို့အား ရှင်းပြသောစကားများကို ကောင်းစွာနားလည်သဖြင့် စားသောက်ရန်၊ အစားအစာဝေငှရန်နှင့် ပျော်ပွဲရွှင်ပွဲကြီးကျင်းပရန် ထွက်သွားကြ၏။ Ver CapítuloCommon Language Bible12 သို့ဖြစ်၍လူအပေါင်းတို့သည်ကြားခဲ့ရ သောကျမ်းစကားကိုနားလည်သဘော ပေါက်သဖြင့် မိမိတို့အိမ်သို့ပြန်၍ပျော်ရွှင် စွာစားသောက်လျက် အစားအစာကိုသူ တစ်ပါးအားဝေမျှကြ၏။ Ver CapítuloGarrad Bible12 လူ ပ ရိ သတ် တို့ လည်း၊ ဟော ပြော ချက် ကို နား လည် သော ကြောင့်၊ အား ရ ဝမ်း မြောက် စွာ စား သောက် ခြင်း၊ ဝေ ငှ ခြင်း များ ကို ပြု ရန် သွား ကြ ကုန် ၏။ Ver CapítuloJudson Bible12 လူအပေါင်းတို့သည် ဟောပြောသော စကားများကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတစ်ပါးတို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ သွားကြ၏။ Ver Capítulo |
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။