နာဟုံ 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 ခြင်္သေ့ထီးတို့ ခိုအောင်းရာ၊ ခြင်္သေ့ပျိုတို့ ကျက်စားရာကား အဘယ်မှာနည်း။ ထိုနေရာသည် ခြင်္သေ့ထီး၊ ခြင်္သေ့မ၊ ခြင်္သေ့သားပေါက်တို့ကျင်လည်ရာအရပ်၊ ခြောက်လှန့်သူမရှိရာအရပ် ဖြစ်၏။ Ver CapítuloCommon Language Bible11 ခြင်္သေ့များခိုအောင်းရာသားရဲတွင်း၊ခြင်္သေ့ငယ် များကို အစာကျွေးရာ၊ ခြင်္သေ့ကြီးငယ်တို့ဘေးမဲ့လုံခြုံစွာလာ ရောက်ခိုလှုံရာ အရပ်နှင့်တူသောမြို့သည် ယခုအဘယ်မှာရှိသနည်း။ Ver CapítuloGarrad Bible11 ကြောက် ရွံ့ ခြင်း ကင်း လျက် သား ငယ် များ နှင့် တ ကွ ခြင်္သေ့ နှင့် ခြင်္သေ့ မ တို့ သွား လာ ရာ ခြင်္သေ့ ပျို တို့ ကျက် စား ရာ ခြင်္သေ့ တို့ အောင်း ရာ အ ရပ် ကား အ ဘယ် မှာ နည်း။ Ver CapítuloJudson Bible11 ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျိုစားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာရှိသနည်း။ Ver Capítulo |
ထာဝရဘုရားက “ခြင်္သေ့ကြီးနှင့် ခြင်္သေ့ပျိုက သားကောင်ကို မာန်ဖီသောအခါ သိုးထိန်းအပေါင်းတို့ကိုခေါ်၍ ခြောက်လှန့်စေသော်လည်း သိုးထိန်းတို့၏အသံကိုမကြောက်၊ သူတို့၏ဆူဆူညံညံအသံကို မလန့်။ ထိုနည်းတူ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်တိုက်ရန် ဇိအုန်တောင်၊ ဇိအုန်တောင်ကုန်းပေါ်၌ဆင်းသက်တော်မူမည်။
ကြည့်ရှုလော့။ ရန်သူသည် ခြင်္သေ့ကဲ့သို့ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့တက်လာသောအခါ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။