ဒံယေလ 10:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထိုအခါ လူသဏ္ဌာန်နှင့်တူသောသူက ငါ့နှုတ်ခမ်းကို တို့၏။ ငါလည်း နှုတ်ကိုဖွင့်၍ ငါ့ရှေ့၌ရပ်နေသောသူအား “အကျွန်ုပ်၏သခင်၊ ဤနိမိတ်အာရုံကြောင့် အကျွန်ုပ်သည် ပြင်းထန်သောဝေဒနာကိုခံစားရ၍ ခွန်အားလည်း ကုန်ခန်းပါပြီ။ Ver CapítuloCommon Language Bible16 ထိုအခါလူသဏ္ဌာန်ရှိသူတစ်ဦးသည်လက် ကိုဆန့်၍ ငါ၏နှုတ်ကိုတို့လျှင်ငါသည်မိမိ ၏ရှေ့တွင်ရပ်နေသောသူအား``အရှင်၊ ဤဗျာ ဒိတ်ရူပါရုံသည်အကျွန်ုပ်အားလွန်စွာအား လျော့စေသည်ဖြစ်၍အကျွန်ုပ်သည်တုန်လှုပ် လျက်သာနေပါ၏။- Ver CapítuloGarrad Bible16 လူ့ သား၏ ပုံ သ ဏ္ဌာန် ရှိ သူ တစ် ပါး သည် ငါ့ နှုတ် ကို တို့ မှ၊ ငါ နှုတ် ပွင့်၍ အ ရှင် ဘု ရား၊ ထို ရူ ပါ ရုံ အ တွက် ကျွန် တော် မျိုး အ ပေါ် တွင်၊ ဒု က္ခ ဝေ ဒ နာ သင့် ရောက် သ ဖြင့် အား ပြတ် ပါ ပြီ။ Ver CapítuloJudson Bible16 ထိုအခါ လူသား၏သဏ္ဌာန်ရှိသော သူတစ်ဦးသည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည် နှုတ်ကိုဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ Ver Capítulo |
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။