ဒေသနာကျမ်း။ 9:1 - မြန်မာ့စံမီသမ္မာကျမ်း1 ငါသည် ဤအရာအလုံးစုံတို့ကို နှလုံးသွင်းဆင်ခြင်၍ ဤအရာအားလုံးကိုဆန်းစစ်၏။ ၎င်းမှာ ဖြောင့်မတ်သောသူများဖြစ်စေ၊ ပညာရှိသောသူများဖြစ်စေ၊ သူတို့၏လုပ်ဆောင်မှုများဖြစ်စေ ဘုရားသခင်၏လက်တော်၌ရှိသည်ဟူ၍ဖြစ်၏။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ လူသည် ရှေ့ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မသိပေ။ Ver CapítuloCommon Language Bible1 အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။ Ver CapítuloGarrad Bible1 ၎င်း ပြင်၊ ဖြောင့် မတ် သူ၊ ပ ညာ ရှိ သူ တို့ နှင့် တ ကွ ပြု လုပ် မှု များ ပါ၊ ဘု ရား သ ခင် လက် တော်၌ ရှိ ကြ သည် နှင့် အ ညီ၊ ဖြစ် ပျက် သ မျှ သည်၊ နောင်၌ ရှိ သေး သော ကြောင့်၊ ချစ် ခင် မည် ကို လည်း ကောင်း၊ မုန်း ထား မည် ကိုလည်း ကောင်း၊ လူ တို့ မ သိ ရ သော အ ကြောင်း အ ရာ ခပ် သိမ်း ကို ဖော် ပြ ရန်၊ ငါ နှ လုံး သွင်း ၏။ Ver CapítuloJudson Bible1 အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှာ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ်သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှုများနှင့်တကွ၊ ဘုရားသခင်၏လက်တော်၌ ရှိကြ၏။ ချစ်တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှုအရာအားဖြင့် အဘယ်သူမျှ မသိနိုင်။ Ver Capítulo |
ကမ္ဘာမြေကြီးပေါ်တွင်ဖြစ်တတ်သည့် အချည်းနှီးသောအမှုတစ်ခုရှိ၏။ ၎င်းမှာ ဆိုးယုတ်သောသူတို့ခံထိုက်သောဆိုးကျိုးကို ခံရသည့်ဖြောင့်မတ်သောသူများရှိသကဲ့သို့ ဖြောင့်မတ်သောသူတို့ခံထိုက်သောကောင်းကျိုးကို ခံရသည့်ဆိုးယုတ်သောသူများလည်းရှိကြသည်ဟူ၍ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်သည်ဟု ငါဆို၏။