ဒေသနာကျမ်း။ 8:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဘုရားသခင်ပြုတော်မူသောအမှုအားလုံးကို ငါတွေ့မြင်၏။ အမှန်စင်စစ် နေအောက်တွင်ပြုသောအမှုကို လူသည်ရှာဖွေ၍ မတွေ့ရှိနိုင်။ မည်မျှကြိုးပမ်းအားထုတ်၍ရှာဖွေလျှင်လည်း မတွေ့ရှိနိုင်။ ထိုအရာကိုသိကြောင်း ပညာရှိတစ်ဦးကပြောဆိုလျှင်လည်း မတွေ့ရှိနိုင်။ Ver CapítuloCommon Language Bible17 ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။ Ver CapítuloGarrad Bible17 နေ အောက် တွင် ပြု လုပ် သော အ မှု တော် ကို၊ လူ ရှာ၍ မ တွေ့။ လုံ့ လ ထုတ်၍ ရှာ ဖွေ သော် ကား၊ မ တွေ့ သည့် ပြင်၊ ပ ညာ ရှိ ပင် ငါ သိ မည် ဟု အောက် မေ့ သော် လည်း မ တွေ့ နိုင် ရာ၊ Ver CapítuloJudson Bible17 ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။ Ver Capítulo |
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။