Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 8:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သူ​တို့​သည်​လည်း ထိုအတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် မိမိ​လက်​ကို​ဆန့်​၍ တောင်ဝှေး​ဖြင့် မြေမှုန့်​ကို ရိုက်​လျှင် အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မြေမှုန့်​ရှိသမျှ​သည် မှက်ကောင်​များ​ဖြစ်​လေ​၏​။ ထို​မှက်ကောင်​များ​သည် လူ​နှင့်​တိရစ္ဆာန်​တို့​အပေါ် တွယ်ကပ်​လေ​၏​။

Ver Capítulo Copiar

Common Language Bible

17 ထို့​ကြောင့်​အာ​ရုန်​သည်​တောင်​ဝှေး​ဖြင့်​မြေ ကြီး​ကို​ရိုက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မြေ​မှုန့် ရှိ​သ​မျှ​သည်​တော​ခြင်​ဖြစ်​လာ​၍ လူ​နှင့် တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ်​လေ​၏။-

Ver Capítulo Copiar

Garrad Bible

17 အာ ရုန် သည် တောင် ဝေး ကိုင် သော လက် ကို ဆန့်၍ မြေ မှုန့် ကို ရိုက် လျှင် အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် မြေ မှုန့် ရှိ သ မျှ သည် မြေ လှေး အ တိ ဖြစ်၍ လူ၌ လည်း ကောင်း၊ တိ ရ စ္ဆာန် ၌ လည်း ကောင်း တွယ် ကပ် ကုန် ၏။

Ver Capítulo Copiar

Judson Bible

17 အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍ မြေ​မှုန့်​ကို​ရိုက်​လေ၏။ မြေ​မှုန့်​သည်​လည်း လူ၌​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်၌​လည်း​ကောင်း ခြင်​ကောင်​ဖြစ်​လေ၏။ အဲ​ဂု​တ္တု​ပြည် တစ်​လျှောက်​လုံး၌​မြေ​မှုန့်​ရှိ​သ​မျှ​သည် ခြင်​ကောင်​ဖြစ်​လေ၏။

Ver Capítulo Copiar




ထွက်​မြောက် 8:17
7 Referencias Cruzadas  

ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ ယင်ရဲအုပ်​နှင့်​မှက်​တို့​သည် သူ တို့​ပြည်​တစ်ဝန်းလုံး​သို့​ပျံ့နှံ့​သွား​ကြ​၏​။


ကိုယ်တော်​သည် သူ​တို့​ကို​ဝါးမျို​မည့် ယင်ရဲအုပ်​ကို​လည်းကောင်း​၊ သူ​တို့​ကို​ဖျက်ဆီး​မည့် ဖား​တို့​ကို​လည်းကောင်း သူ​တို့​ထံသို့ စေလွှတ်​တော်မူ​၏​။


ငါ့​ကို​ဝတ်ပြု​ရန် ငါ့​သား​ကို​လွှတ်​လော့​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ သူ့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် သင့်​သား​၊ သင်​၏​သားဦး​ကို ငါ​ကွပ်မျက်​မည်​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက်တွင် မောရှေ​နှင့်​အာရုန်​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​တောကန္တာရ​၌ ငါ့​အဖို့ ပွဲတော်​ကျင်းပ​ရန် ငါ​၏​လူမျိုး​တော်​ကို လွှတ်​လော့​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု လျှောက်​ကြ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “ ‘​တောင်ဝှေး​ကို​ဆန့်​၍ မြေမှုန့်​ကို​ရိုက်​လော့​။ ထိုအခါ အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မြေမှုန့်​တို့​သည် မှက်ကောင်​များ​ဖြစ်သွား​လိမ့်မည်​’​ဟူ၍ အာရုန်​အား​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ထိုသို့ ကြံစည်​တော်မူ​၏​။ ဤသည်ကား ဂုဏ်သရေ​မာန်တက်​ခြင်း​အလုံးစုံ​ကို ရှုတ်ချ​ရန်​နှင့် မြေကြီး​ပေါ်တွင် ချီးမြှောက်​ခံရ​သော​သူ​အပေါင်း​တို့​ကို နှိမ့်ချ​ရန်​အတွက် ဖြစ်​၏​။


မင်းကြီး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မ​ချီးမွမ်း​သောကြောင့် ထို​ခဏချင်း​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်​တမန်​သည် သူ့​ကို ဒဏ်ခတ်​သဖြင့် သူ​သည် ပိုး​စား​ခံရ​၍ အနိစ္စရောက်​လေ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos