ထွက်မြောက် 32:9 - မြန်မာ့စံမီသမ္မာကျမ်း9 တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ခေါင်းမာသောလူမျိုးဖြစ်သည်ကို ငါမြင်ပြီ။ Ver CapítuloCommon Language Bible9 ထာဝရဘုရားက ``ဤသူတို့အလွန် ခေါင်းမာကြောင်းငါသိ၏။- Ver CapítuloGarrad Bible9 ယဇ် ပူ ဇော် ကြ ပြီ ဟူ၍ လည်း ကောင်း၊ ဤ လူ မျိုး သည် နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သည် ကို ငါ ရှု မြင် ပြီ။ Ver CapítuloJudson Bible9 ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။ Ver Capítulo |
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာလျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
အကြောင်းမူကား ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ကို ဤသို့ဆင့်ဆိုလော့။ ‘သင်တို့သည် ခေါင်းမာသောလူမျိုးဖြစ်၏။ ငါသည် သင်တို့နှင့်အတူ တစ်ခဏမျှသွားလျှင်ပင် သင်တို့ကို ငါဖျက်ဆီးမိမည်။ ယခု သင်တို့၏ကိုယ်ပေါ်မှ အဆင်တန်ဆာကိုချွတ်လော့။ သို့မှ သင်တို့၌ငါမည်သို့ပြုရမည်ကို ငါသိမည်’ ”ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။