ထွက်မြောက် 3:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဘုရားသခင်က မောရှေအား “ငါသည် ငါဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့ပြင် ကိုယ်တော်က “သင်သည် အစ္စရေးအမျိုးသားတို့အား ‘ငါဖြစ်၏ဟုဆိုသောသူက သင်တို့ထံသို့ ငါ့ကိုစေလွှတ်တော်မူသည်’ဟူ၍ ပြောရမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible14 ဘုရားသခင်က``ငါ၏နာမသည်ငါဖြစ် သည့်အတိုင်း ငါဖြစ်၏ ဟူ၍ဖြစ်သည်။ `ငါဖြစ်သည်ဟုနာမည်ရှိ သောအရှင်သည် သင်တို့ထံသို့ငါ့အားစေလွှတ် တော်မူသည်' ဟုဣသရေလအမျိုးသားတို့ ကိုပြောရမည်'' ဟုမိန့်တော်မူ၏။- Ver CapítuloGarrad Bible14 ဘု ရား သ ခင် က၊ ငါ သည် ငါ ဖြစ် ၏ ဟူ ၍ လည်း ကောင်း၊ ငါ ဖြစ် သည် မည် သော ကိုယ် တော် သည် သင် တို့ ရှိ ရာ သို့ စေ လွှတ် တော် မူ ကြောင်း ဣ သ ရေ လ အ မျိုး သား တို့ အား ပြန် ပြော လော့ ဟူ ၍ လည်း ကောင်း မော ရှေ အား မိန့် တော် မူ ၏။ Ver CapítuloJudson Bible14 ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်းငါဖြစ်၏ဟူ၍လည်းကောင်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟူ၍လည်းကောင်း၊ မောရှေအားမိန့်တော်မူ၏။ Ver Capítulo |
ထိုအခါ မောရှေက ဘုရားသခင်အား “အကျွန်ုပ်သည် အစ္စရေးအမျိုးသားတို့ထံသို့သွား၍ ‘သင်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် ငါ့ကို သင်တို့ထံသို့စေလွှတ်တော်မူ၏’ဟု ဆို၍ သူတို့ကလည်း ‘ထိုဘုရား၏နာမတော်ကား မည်သို့နည်း’ဟု ပြန်မေးလျှင် အကျွန်ုပ်သည် သူတို့ကို မည်သို့ပြန်ဖြေရမည်နည်း”ဟု လျှောက်လေ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။