ထွက်မြောက် 29:46 - မြန်မာ့စံမီသမ္မာကျမ်း46 ငါသည် သူတို့အလယ်၌ကိန်းဝပ်ဖို့ရန် သူတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ Ver CapítuloCommon Language Bible46 ငါသည်သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင် သောသူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိကြမည်ဖြစ်၍၊ ငါ သည်သူတို့နှင့်နေမည်။ ငါသည်သူတို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။ Ver CapítuloGarrad Bible46 ငါ သည် သူ တို့ တွင် စံ နေ ခြင်း ငှါ အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ ရ ကြ လ တ္တံ့။ ငါ သည် သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။ Ver CapítuloJudson Bible46 ငါသည် သူတို့တွင်နေခြင်းငှာ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နုတ်ဆောင်ယူခဲ့သော သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။ ငါသည် သူတို့ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။ Ver Capítulo |
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။
ထို့ကြောင့် သင်တို့ရှေ့၌ရှိသောသူတို့ပြုကျင့်ကြသည့် စက်ဆုပ်ရွံရှာဖွယ်ဓလေ့စရိုက်တို့ကိုမပြုကျင့်မိရန် သင်တို့သည် ငါ၏ညွှန်ကြားချက်ကိုစောင့်ထိန်းရမည်။ ထိုဓလေ့စရိုက်တို့အားဖြင့် သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။