ထွက်မြောက် 29:45 - မြန်မာ့စံမီသမ္မာကျမ်း45 အစ္စရေးအမျိုးသားတို့အလယ်၌ ငါကိန်းဝပ်မည်၊ သူတို့၏ဘုရားဖြစ်မည်။ Ver CapítuloCommon Language Bible45 ငါသည်ဣသရေလအမျိုးသားတို့နှင့် အတူနေ၍၊ သူတို့၏ဘုရားဖြစ်တော်မူမည်။- Ver CapítuloGarrad Bible45 ဣ သ ရေ လ အ မျိုး သား တို့ ဘောင် တွင် ငါ စံ နေ၍ သူ တို့ ဘု ရား သ ခင် ဖြစ် မည်။ Ver CapítuloJudson Bible45 ဣသရေလအမျိုးသားတို့တွင် ငါနေ၍၊ သူတို့၏ဘုရားဖြစ်မည်။ Ver Capítulo |
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။