ထွက်မြောက် 23:2 - မြန်မာ့စံမီသမ္မာကျမ်း2 လူအများနောက်သို့လိုက်၍ မကောင်းမှုမပြုရ။ တရားတွေ့ရာ၌ လူအများဘက်သို့လိုက်၍ မတရားသဖြင့် မထွက်ဆိုရ။ Ver CapítuloCommon Language Bible2 လူများစုနောက်သို့လိုက်၍မတရားသဖြင့် မပြုနှင့်။ လူများစုနောက်သို့လိုက်၍တရား မျှတမှုကိုဖောက်ပြန်စေရန်မတရားသော သက်သေကိုလည်းမခံနှင့်။- Ver CapítuloGarrad Bible2 အ ဆိုး ပြု ရန်၊ လူ များ နောက် သို့ မ လိုက် နှင့်။ လူ များ ကို ငဲ့၍ တ ရား လွဲ စေ ခြင်း ငှါ၊ အ မှု ၌ သက် သေ မ ခံ နှင့်။ Ver CapítuloJudson Bible2 လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှာမပြောရ။ Ver Capítulo |
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။