တရားဟော 8:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင်၏ဘုရားသခင်ထာဝရဘုရားသည် သာယာဝပြောသောပြည်ဖြစ်သည့် ချိုင့်ဝှမ်း၊ တောင်ကုန်းတို့ထဲမှ စီးထွက်လာသည့် စမ်းချောင်း၊ စမ်းရေတွင်း၊ စိမ့်စမ်းရေတို့နှင့်ပြည့်သောပြည်၊ Ver CapítuloCommon Language Bible7 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။- Ver CapítuloGarrad Bible7 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကောင်း မွန် သော ပြည်၊ လွင် ပြင်၊ တောင် ရိုး များ မှ ထွက် စီး ရာ ချောင်း ရေ၊ စမ်း ရေ၊ စိမ့် ရေ များ နှင့် ပြည့် စုံ သော ပြည်၊ Ver CapítuloJudson Bible7 အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊ Ver Capítulo |
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။