တရားဟော 6:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထာဝရဘုရား၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှု၊ ကောင်းသောအမှုတို့ကို ပြုလော့။ သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကိုသင်တို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုသာယာဝပြောသောပြည်ကို သင်တို့ဝင်ရောက်သိမ်းပိုက်၍ ကောင်းစားကြလိမ့်မည်။ Ver CapítuloCommon Language Bible18 သင်တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် သင့်မြတ်မှန်ကန်သောအမှုတို့ကိုပြုလျှင် အရာရာ၌အောင်မြင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့အား ထာဝရဘုရားကတိ ထားတော်မူသောသာယာဝပြောသည့် ပြည်ကိုသိမ်းနိုင်လိမ့်မည်။- Ver CapítuloGarrad Bible18-19 ရန် သူ ရှိ သ မျှ ကို သင် တို့ ရှေ့ မောင်း နှင် တော် မူ မည့် အ ကြောင်း ထာ ဝ ရ ဘု ရား က တိ တော် အ တိုင်း၊ ဘိုး ဘေး တို့ အား သစ္စာ ဆို ခဲ့ သော ပြည် ကောင်း ကို ဝင် ရောက် ပိုင် ရ၍ ကောင်း စား ကြ အံ့ သော ငှါ၊ မျက် မှောက် တော် တွင် ဖြောင့် မှန် သင့် လျော် စွာ ပြု ကျင့် ကြ လော့။ Ver CapítuloJudson Bible18 သင်သည် ချမ်းသာရခြင်းငှာလည်းကောင်း၊ Ver Capítulo |
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။