Biblia Todo Logo
La Biblia Online
- Anuncios -




တ​ရား​ဟော 6:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့် ပညတ်ချက်​၊ သက်သေခံချက်​၊ ပြဋ္ဌာန်းချက် တို့​ကို ကြိုးစား​စောင့်ထိန်း​ရ​မည်​။

Ver Capítulo Copiar

Common Language Bible

17 ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သော ပ​ညတ် အား​လုံး​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​လော့။-

Ver Capítulo Copiar

Garrad Bible

17 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော စီ ရင် ချက်၊ သက် သေ ခံ ချက်၊ ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် ထိန်း သိမ်း လျက်၊

Ver Capítulo Copiar

Judson Bible

17 သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော​သက်​သေ​ခံ​ချက်၊ စီ​ရင်​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကြိုး​စား၍​စောင့်​ရှောက်​ရ​မည်။

Ver Capítulo Copiar




တ​ရား​ဟော 6:17
15 Referencias Cruzadas  

ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့် မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။


ထာဝရဘုရား​က “​သင်​၏​ဘုရားသခင် ထာဝရဘုရား​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ မျက်မှောက်​တော်​၌ ဖြောင့်မှန်​စွာ​ပြုမူ​လျှင်​လည်းကောင်း​၊ ပညတ်တော်​တို့​ကို​စူးစိုက်​နားထောင်​၍ ပြဋ္ဌာန်း​တော်မူ​ချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​လျှင်​လည်းကောင်း ငါ​သည် အီဂျစ်​လူမျိုး​တို့​အပေါ်​သို့​ကျရောက်​စေ​ခဲ့​သော​အနာရောဂါ​တစ်စုံတစ်ခု​မျှ သင့်​အပေါ်​သို့ ကျရောက်​စေ​မည်​မ​ဟုတ်​။ အကြောင်းမှာ ငါ​ထာဝရဘုရား​သည် သင်​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​သော​အရှင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​လော့​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သည့် ပညတ်တော်​တို့​ကို သေချာ​စွာ​နားထောင်​လော့​။


သင်​တို့​အား​ငါ​ဆင့်ဆို​သော ဤ​ပညတ်တော်​ရှိသမျှ​တို့​ကို ကြိုးစား​၍​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချစ်​၍ လမ်း​တော်​ရှိသမျှ​တို့​ကို လိုက်လျှောက်​ရ​မည်​။ ကိုယ်တော်​ကို ဆည်းကပ်​ရ​မည်​။


တစ်ဖန် မောရှေ​နှင့်​အစ္စရေး​သက်ကြီးဝါကြီး​တို့​သည် လူ​တို့​အား “​ယနေ့ သင်​တို့​အား ငါ​မှာကြား​သည့် ပညတ်တော်​ရှိသမျှ​ကို​စောင့်ထိန်း​လော့​။


မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​ခေါ်​၍ သူ​တို့​အား “​အို အစ္စရေး​လူမျိုး​တို့​၊ ယနေ့ သင်​တို့​ကြားသိ​အောင် ငါ​ဆင့်ဆို​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို နားထောင်​လော့​။ သင်ယူ​လော့​။ လိုက်နာ​စောင့်ထိန်း​လော့​။


ငါ့​ကို​ကြောက်ရွံ့​၍ ငါ​၏​ပညတ်တော်​အလုံးစုံ​ကို အစဉ်အမြဲ​စောင့်ထိန်း​မည့်​စိတ်သဘော သူ​တို့​၌ ရှိ​မည်​ဆိုလျှင် သူ​တို့​နှင့်​သူ​တို့​၏​သားမြေး​တို့​သည် အစဉ်​ကောင်းစား​လိမ့်မည်​။


သို့ဖြစ်၍ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း လိုက်နာ​စောင့်ထိန်း​ရ​မည်​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ လွှဲ​မ​သွား​ရ​။


ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ဘုရားသခင်​ကို​ယုံကြည်​သော​သူ​တို့​သည် ကောင်း​သော​အမှု​တို့​ကို​ပါဝင်​လုပ်ဆောင်​ရန် အမြဲ​ဂရုစိုက်​ကြ​မည့်​အကြောင်း ငါ​သည် သင့်​အား ဤ​အရာ​များ​အတွက် အခိုင်အမာ​ရပ်တည်​စေ​လို​၏။ ဤ​အရာ​များ​သည် ကောင်းမြတ်​၍ လူ​တို့​အတွက်​အကျိုး​ရှိ​၏။


သင်​တို့​တစ်ဦးစီ​သည် မျှော်လင့်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​ရှိ​ကြ​ရန် ထိုသို့​သော​စိတ်အား​ထက်သန်​မှု​ကို အဆုံး​တိုင်အောင်​ပြ​မည့်​အကြောင်း ငါ​တို့​အလိုရှိ​ကြ​၏။


သို့ဖြစ်၍ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ထို​အရာ​များ​ကို​စောင့်မျှော်​နေ​ကြ​သည်​ဖြစ်၍ အစွန်းအထင်း​ကင်း​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​အဖြစ် ကိုယ်တော်​၏​ရှေ့​တော်​သို့ ငြိမ်းချမ်း​စွာ​ရောက်ရှိ​နိုင်​ရန် ကြိုးစား​ကြ​လော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos