တရားဟော 32:30 - မြန်မာ့စံမီသမ္မာကျမ်း30 သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။ Ver CapítuloCommon Language Bible30 လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။ Ver CapítuloGarrad Bible30 ၎င်း တို့ ကျောက် တောင် တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် ရောင်း ချ အပ် နှင်း တော် မ မူ ခဲ့ လျှင်၊ လိုက် လံ သူ တစ် ယောက် ကြောင့်၊ ထောင် တပ် သည်လည်း ကောင်း၊ နှစ် ယောက် ကြောင့် သောင်း တပ် သည်လည်း ကောင်း၊ မည် သို့ ပြေး ကြ ရ မည် နည်း။ Ver CapítuloJudson Bible30 သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတစ်ယောက်သည် လူတစ်ထောင်ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း။ Ver Capítulo |
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။