တောလည် 20:14 - မြန်မာ့စံမီသမ္မာကျမ်း14 မောရှေသည် ကာဒေရှအရပ်မှစေတမန်ကို ဧဒုံဘုရင်ထံ စေလွှတ်၍ “အရှင်၏ဆွေမျိုးသားချင်းအစ္စရေးလူမျိုးတို့ လျှောက်ဆိုပါ၏။ အကျွန်ုပ်တို့တွေ့ကြုံရသောအခက်အခဲအားလုံးကို အရှင်မင်းကြီးသိပါ၏။ Ver CapítuloCommon Language Bible14 မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။- Ver CapítuloGarrad Bible14-15 မော ရှေ သည် ကာ ဒေ ရှ မြို့ မှ သံ တ မန် များ ကို ဧ ဒုံ ဘု ရင့် ထံ စေ လွှတ်၍ ကျွန် တော် တို့ ဘိုး ဘေး တို့ သည် အိ ဂျစ် ပြည် သို့ သွား ပြီး လျှင် ထို ပြည် တွင် ကြာ မြင့် စွာ နေ ကြ ရာ ဘိုး ဘေး တို့ နှင့် တ ကွ ကျွန် တော် တို့ အား အိ ဂျစ် လူ မျိုး တို့ ညှဉ်း ပန်း ခြင်း မှ စ၍ တွေ့ ကြုံ သ မျှ သော ဒု က္ခ ကို လည်း ကောင်း၊ Ver CapítuloJudson Bible14 မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်တို့ကိုစေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလက၊ အကျွန်ုပ်တို့တွေ့ရသော အမှုအလုံးစုံတည်းဟူသော၊ Ver Capítulo |
ထို့နောက် မောရှေက ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် ဖာရောမင်းကြီးနှင့်အီဂျစ်လူမျိုးတို့အပေါ် ပြုတော်မူခဲ့သမျှကိုလည်းကောင်း၊ လမ်းခရီး၌ သူတို့ကြုံတွေ့ရသောအခက်အခဲအလုံးစုံတို့ကိုလည်းကောင်း၊ သူတို့အား ထာဝရဘုရားကယ်နုတ်တော်မူခဲ့ကြောင်းကိုလည်းကောင်း မိမိယောက္ခမအား ပြောပြလေ၏။
အီဂျစ်ပြည်မှ သင်တို့ထွက်လာသောအခါ သင်တို့ရှေ့၌ခံနေသောပင်လယ်နီကို ထာဝရဘုရား မည်သို့ခန်းခြောက်စေတော်မူခဲ့ကြောင်း၊ ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ရှိဟုန်နှင့်ဩဃတို့ကို သင်တို့မည်သို့ချေမှုန်းခဲ့ကြောင်း ကျွန်မတို့ ကြားသိရပါပြီ။