တောလည် 20:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ရန်တွေ့သောနေရာကို မေရိဘစမ်းရေဟုခေါ်၏။ ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို သူတို့အား ထိုနေရာတွင် ပြတော်မူ၏။ Ver CapítuloCommon Language Bible13 မေရိဘအရပ်ကား ဣသရေလအမျိုးသား တို့ထာဝရဘုရားအားညည်းတွားသော၊ ထာဝရ ဘုရားကမိမိသည် ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုပြသောအရပ်ဖြစ်သတည်း။ Ver CapítuloGarrad Bible13 ထာ ဝ ရ ဘု ရား အား ဣ သ ရေ လ အ မျိုး သား တို့ ရန် ပြု ကြ သည် ကို အ စွဲ ပြု၍ မေ ရိ ဘ ရေ ဟု ခေါ် ဝေါ် ကြ သ တည်း။ ထာ ဝ ရ ဘု ရား လည်း ၎င်း တို့ ရှေ့ သီး သန့် ခြင်း ကို ခံ တော် မူ ၏။ Ver CapítuloJudson Bible13 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေလေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။ Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ငါ့နာမကိုရှုတ်ချသဖြင့် လူမျိုးခြားတို့အလယ်တွင် အရှုတ်ချခံခဲ့ရသည့် ကြီးမြတ်သောငါ့နာမကို ငါသန့်ရှင်းစေမည်။ ထိုသို့ သင်တို့အားဖြင့် ထိုသူတို့ရှေ့တွင် ငါသန့်ရှင်းကြောင်း ထင်ရှားစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့ သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။