တောလည် 15:16 - မြန်မာ့စံမီသမ္မာကျမ်း16 သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း၊ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်၏”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible16 သင်တို့နှင့်သူတို့အတွက်ပြဋ္ဌာန်းချက်များ သည်လည်း တပြေးညီဖြစ်စေရမည်။ Ver CapítuloGarrad Bible16 သင် တို့၌ လည်း ကောင်း၊ ဝင် နေ သူ တို့၌ လည်း ကောင်း တ ရား တစ် ပါး၊ စီ ရင် ထုံး တစ် မျိုး တည်း သာ ရှိ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ၏။ Ver CapítuloJudson Bible16 သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားတို့သည် တစ်ပါးတည်းသောတရား၊ တစ်ပါးတည်းသောထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။ Ver Capítulo |
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။