တောလည် 15:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။ Ver CapítuloCommon Language Bible15 သင်တို့တွင်တည်းခိုနေထိုင်သောလူမျိုးခြား တို့သည် ဤပြဋ္ဌာန်းချက်များကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သင်တို့နှင့်လူ မျိုးခြားတို့သည် ထာဝရဘုရား၏ရှေ့ တော်တွင်ညီတူညီမျှဖြစ်ကြသဖြင့်၊- Ver CapítuloGarrad Bible15 အ စည်း အ ဝေး ကို ထောက် လျက် သင် တို့၌ လည်း ကောင်း၊ ဝင် နေ သူ တို့၌ လည်း ကောင်း၊ သင် တို့ အ မျိုး အ စဉ် အ ဆက် အ မြဲ ထုံး ဖွဲ့ ချက် တစ် ပါး တည်း သာ ရှိ ရာ၏။ ဝင် နေ သူ တို့ လည်း ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် သင် တို့ နည်း တူ ဖြစ် ကြ သ တည်း။ Ver CapítuloJudson Bible15 ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော တစ်ပါးတည်းသောထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည်ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။ Ver Capítulo |
အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။