တမန်တော်ဝတ္ထု 9:27 - မြန်မာ့စံမီသမ္မာကျမ်း27 သို့သော် ဗာနဗသည် သူ့ကိုဖေးမ၍ တမန်တော်တို့ထံသို့ ခေါ်ဆောင်လာပြီးလျှင် ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို တွေ့မြင်ခဲ့ပုံမှစ၍ သခင်ဘုရားက သူ့အားမိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင် ယေရှု၏နာမတော်၌ ရဲရင့်စွာ သူဟောပြောခဲ့ပုံတို့ကို သူတို့အား ပြောပြလေ၏။ Ver CapítuloCommon Language Bible27 ထိုအခါဗာနဗသည်ရှောလုကိုတမန်တော် တို့ထံသို့ခေါ်ခဲ့ပြီးလျှင် လမ်းခရီးတွင်သခင် ဘုရားအားရှောလုဖူးမြင်ခဲ့ရပုံကိုလည်း ကောင်း၊ သခင်ဘုရားကရှောလုအားမည်သို့ အမိန့်ရှိခဲ့ပုံကိုလည်းကောင်း ဒမာသက်မြို့ တွင်သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရှောလုရဲရင့်စွာဟောပြောခဲ့ပုံကိုလည်း ကောင်းပြောပြလေသည်။- Ver CapítuloGarrad Bible27 သို့ ရာ တွင် ဗာ န ဗ သည် ရှော လု ကို တ မန် တော် တို့ ထံ ခေါ် သွင်း၍ အ ရှင် ဘု ရား ကို လမ်း တွင် ဖူး မြင် လျက်၊ ဗျာ ဒိတ် တော် ကို ခံ ရ ကြောင်း၊ ဒ မာ သက် မြို့၌ ယေ ရှု၏ နာ မ တော် နှင့် ရဲ ရင့် စွာ ဟော ကြောင်း များ ကို ကြား ပြော ပြီး မှ၊ Ver CapítuloJudson Bible27 ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍လည်းကောင်း၊ သူ့အားမိန့်တော်မူသည် ဟူ၍လည်းကောင်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည်ဟူ၍လည်းကောင်း ပြောလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း27 သို့သော် ဗာနဗသည် သူ့ကိုတမန်တော်များထံသို့ ခေါ်ဆောင်လာခဲ့ပြီး ရှောလုသည် လမ်းခရီးတွင် သခင်ဘုရားကို မည်သို့ တွေ့မြင်ခဲ့ပုံ၊ သခင်ဘုရားက သူ့အား မည်သို့မိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင်လည်း ယေရှု၏အမည်နာမကိုအမှီပြု၍ ရဲဝံ့စွာဟောပြောခဲ့ပုံတို့ကို ပြောပြလေ၏။ Ver Capítulo |
ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။