တမန်တော်ဝတ္ထု 9:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း27 သို့သော် ဗာနဗသည် သူ့ကိုတမန်တော်များထံသို့ ခေါ်ဆောင်လာခဲ့ပြီး ရှောလုသည် လမ်းခရီးတွင် သခင်ဘုရားကို မည်သို့ တွေ့မြင်ခဲ့ပုံ၊ သခင်ဘုရားက သူ့အား မည်သို့မိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင်လည်း ယေရှု၏အမည်နာမကိုအမှီပြု၍ ရဲဝံ့စွာဟောပြောခဲ့ပုံတို့ကို ပြောပြလေ၏။ Ver CapítuloCommon Language Bible27 ထိုအခါဗာနဗသည်ရှောလုကိုတမန်တော် တို့ထံသို့ခေါ်ခဲ့ပြီးလျှင် လမ်းခရီးတွင်သခင် ဘုရားအားရှောလုဖူးမြင်ခဲ့ရပုံကိုလည်း ကောင်း၊ သခင်ဘုရားကရှောလုအားမည်သို့ အမိန့်ရှိခဲ့ပုံကိုလည်းကောင်း ဒမာသက်မြို့ တွင်သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရှောလုရဲရင့်စွာဟောပြောခဲ့ပုံကိုလည်း ကောင်းပြောပြလေသည်။- Ver CapítuloGarrad Bible27 သို့ ရာ တွင် ဗာ န ဗ သည် ရှော လု ကို တ မန် တော် တို့ ထံ ခေါ် သွင်း၍ အ ရှင် ဘု ရား ကို လမ်း တွင် ဖူး မြင် လျက်၊ ဗျာ ဒိတ် တော် ကို ခံ ရ ကြောင်း၊ ဒ မာ သက် မြို့၌ ယေ ရှု၏ နာ မ တော် နှင့် ရဲ ရင့် စွာ ဟော ကြောင်း များ ကို ကြား ပြော ပြီး မှ၊ Ver CapítuloJudson Bible27 ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍လည်းကောင်း၊ သူ့အားမိန့်တော်မူသည် ဟူ၍လည်းကောင်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည်ဟူ၍လည်းကောင်း ပြောလေ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း27 သို့သော် ဗာနဗသည် သူ့ကိုဖေးမ၍ တမန်တော်တို့ထံသို့ ခေါ်ဆောင်လာပြီးလျှင် ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို တွေ့မြင်ခဲ့ပုံမှစ၍ သခင်ဘုရားက သူ့အားမိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင် ယေရှု၏နာမတော်၌ ရဲရင့်စွာ သူဟောပြောခဲ့ပုံတို့ကို သူတို့အား ပြောပြလေ၏။ Ver Capítulo |
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။