တမန်တော်ဝတ္ထု 7:60 - မြန်မာ့စံမီသမ္မာကျမ်း60 ထို့နောက် သူသည် ဒူးထောက်လျက် “သခင်ဘုရား၊ ဤအပြစ်ကို သူတို့အပေါ်တင်တော်မမူပါနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အိပ်ပျော်ခြင်းသို့ရောက်လေ၏။ Ver CapítuloCommon Language Bible60 သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။ Ver CapítuloGarrad Bible60 အ ရှင် ဘု ရား၊ ဤ ပြစ် ဝန် ကို သူ တို့ အ ပေါ် တွင် တင် တော် မ မူ ပါ နှင့် ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် ပြီး နောက် အိပ် ပျော် ရှာ လေ ၏။ Ver CapítuloJudson Bible60 ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကို ကွပ်မျက်သောအမှုကို ရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း60 ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။ Ver Capítulo |
ထိုအမိန့်စာကို ဒါရိမင်းကြီးလက်မှတ်ရေးထိုးကြောင်း ဒံယေလကြားသိသော်လည်း သူသည် အိမ်သို့ပြန်၍အပေါ်ထပ် မိမိအခန်းသို့ဝင်ကာ ဂျေရုဆလင်မြို့ဘက်သို့မျက်နှာမူထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ဘုရားသခင်ရှေ့တော်တွင် ယခင်ကတစ်နေ့သုံးကြိမ်ဒူးထောက်ဆုတောင်းခဲ့သည့်အတိုင်း ဆုတောင်းလျက်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။