တမန်တော်ဝတ္ထု 7:60 - ခေတ်သစ်မြန်မာ သမ္မာကျမ်း60 ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။ Ver CapítuloCommon Language Bible60 သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။ Ver CapítuloGarrad Bible60 အ ရှင် ဘု ရား၊ ဤ ပြစ် ဝန် ကို သူ တို့ အ ပေါ် တွင် တင် တော် မ မူ ပါ နှင့် ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် ပြီး နောက် အိပ် ပျော် ရှာ လေ ၏။ Ver CapítuloJudson Bible60 ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကို ကွပ်မျက်သောအမှုကို ရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း60 ထို့နောက် သူသည် ဒူးထောက်လျက် “သခင်ဘုရား၊ ဤအပြစ်ကို သူတို့အပေါ်တင်တော်မမူပါနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အိပ်ပျော်ခြင်းသို့ရောက်လေ၏။ Ver Capítulo |
သို့သော် လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်ပြောမည်။ ကျွန်ုပ်တို့အားလုံးသည် သေကြရမည်မဟုတ်။ နောက်ဆုံး တံပိုးမှုတ်သောအခါ တစ်ခဏချင်းမျက်စိတစ်မှိတ်အတွင်းတွင် ကျွန်ုပ်တို့အားလုံးသည် ပြောင်းလဲကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်သောအခါ သေလွန်သောသူတို့သည် မပုပ်ပျက်သောအရာအဖြစ် ထမြောက်မည်ဖြစ်သောကြောင့်ပင်။ အသက်ရှင်လျက်ရှိသော ကျွန်ုပ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်။