တမန်တော်ဝတ္ထု 7:16 - မြန်မာ့စံမီသမ္မာကျမ်း16 သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။ Ver CapítuloCommon Language Bible16 သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။'' Ver CapítuloGarrad Bible16 အ လောင်း များ ကို ရှေ ခင် မြို့ တွင် ဟာ မော်၏ အ မျိုး သား တို့ ထံ တန် ဖိုး နှင့် အာ ဗြ ဟံ ဝယ် ခဲ့ သော သင်္ချိုင်း ဂူ သို့ ပို့ သွင်း ကြ ၏။ Ver CapítuloJudson Bible16 ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ ပို့ဆောင်သဖြင့်၊ ရှေခင်၏အဘဖြစ်သော ဟာမော်၏သားတို့အား အဖိုးငွေကိုပေး၍ဝယ်ပြီဖြစ်သော သင်္ချိုင်းတွင်း၌ ထားကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 သူတို့၏အလောင်းများကို ရှေခင်မြို့သို့ သယ်ယူပြီးလျှင် ဟာမော်၏သားများထံမှ တန်ကြေးငွေပေး၍ အာဗြဟံဝယ်ယူခဲ့သောသင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကြ၏။ Ver Capítulo |
မောရှေသည် ယောသပ်၏အရိုးများကို မိမိနှင့်အတူ ယူဆောင်သွား၏။ အကြောင်းမူကား ယောသပ်က အစ္စရေးအမျိုးသားတို့အား “ဘုရားသခင်သည် သင်တို့ကို အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ ငါ၏အရိုးတို့ကို သင်တို့နှင့်အတူ ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် ကြပ်ကြပ်ကျိန်ဆိုစေခဲ့သောကြောင့်ဖြစ်၏။