Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 7:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဤသို့ဖြင့် ယာကုပ်​သည် အီဂျစ်​ပြည်​သို့​ဆင်း​သွား​၍ သူ​နှင့် ငါ​တို့​၏​ဘိုးဘေး​များ​သည် ထို​ပြည်​၌​သေဆုံး​ခဲ့​ကြ​၏။

Ver Capítulo Copiar

Common Language Bible

15 ထို့​ကြောင့်​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​လိုက် လာ​ခဲ့​၏။ ထို​ပြည်​တွင်​သူ​နှင့်​သူ​၏​သား​များ သေ​လွန်​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

15 အိ ဂျစ် ပြည် သို့ ယာ ကုပ် ရောက် ပြီး နောက် ထို ပြည် တွင် သူ မှ စ၍ ငါ တို့ ဘိုး ဘေး များ သေ လွန် ကြ သည့် ကာ လ၊

Ver Capítulo Copiar

Judson Bible

15 ယာ​ကုပ်​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ကိုယ်​တိုင်​မှ​စ​သော ငါ​တို့​အ​ဘ​များ​သည် သေ​လွန်​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို့ကြောင့် ယာကုပ်​သည် အီဂျစ်ပြည်​သို့ သွားရောက်​နေထိုင်​၍ သူ​နှင့်တကွ ကျွန်ုပ်တို့​၏​ဘိုးဘေးများ​သည် ထို​ပြည်​တွင် ကွယ်လွန်ကြ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 7:15
13 Referencias Cruzadas  

ထို့နောက် အစ္စရေး​သည် မိမိ​ပိုင်ဆိုင်​သမျှ​ကို​ယူဆောင်​လျက် ခရီးပြု​လေ​၏​။ ဗေရရှေဘ​အရပ်​သို့​ရောက်​သော် မိမိ​ဖခင်​ဣဇက်​၏​ဘုရားသခင်​အား ယဇ်​ပူဇော်​၏​။


ငါ​သည် ငါ​၏​ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​သောအခါ သင်​သည် ငါ့​ကို​အီဂျစ်​ပြည်​မှ​ဆောင်သွား​၍ ငါ့​ဘိုးဘေး​တို့​၏​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​”​ဟု ဆို​၏​။ ယောသပ်​က​လည်း “​အဖေ့​စကား​အတိုင်း အကျွန်ုပ်​ပြု​ပါ​မည်​”​ဟု ပြန်ပြော​လေ​၏​။


ယာကုပ်​သည် သူ​၏​သား​တို့​ကို​မှာကြား​ပြီး​သောအခါ ခုတင်​ပေါ်သို့​သူ​၏​ခြေ​ကို​ရုပ်​ပြီး နောက်ဆုံး​ထွက်သက်ထွက်​၍ သူ​သည် မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။


ထို့နောက် အစ္စရေး​လူမျိုး​တို့​သည် အီဂျစ်​ပြည်​သို့​ရောက်လာ​ပြီး ယာကုပ်​သည် ဟာမ​ပြည်​တွင် ဧည့်သည်​အဖြစ် တည်းခိုနေထိုင်​လေ​၏​။


ယောသပ်​မှစ၍ သူ​၏​ညီအစ်ကို​ရှိသမျှ​နှင့် ထို​မျိုးဆက်​အားလုံး သေ​ကြ​ကုန်​၏​။


မောရှေ​သည် ယောသပ်​၏​အရိုး​များ​ကို မိမိ​နှင့်အတူ ယူဆောင်​သွား​၏​။ အကြောင်းမူကား ယောသပ်​က အစ္စရေး​အမျိုးသား​တို့​အား “​ဘုရားသခင်​သည် သင်​တို့​ကို အမှန်ပင်​အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထိုအခါ ငါ​၏​အရိုး​တို့​ကို သင်​တို့​နှင့်အတူ ဤ​ပြည်​မှ ယူဆောင်​သွား​ရ​မည်​”​ဟု ဆို​လျက် ကြပ်ကြပ်​ကျိန်ဆို​စေ​ခဲ့​သောကြောင့်​ဖြစ်​၏​။


အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် အီဂျစ်​ပြည်​သို့​ရောက်သွား​ပြီး အကျွန်ုပ်​တို့​သည် အီဂျစ်​ပြည်​၌ ကာလ​ကြာမြင့်​စွာ​နေထိုင်​ကြ​ပါ​၏​။ အီဂျစ်​လူမျိုး​တို့​သည် အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ဆိုးညစ်​သော​အမှု​ပြု​ကြ​ပါ​၏​။


သင်​၏​ဘိုးဘေး​တို့​သည် အီဂျစ်​ပြည်​သို့​ဆင်းသွား​သောအခါ အယောက်​ခုနစ်ဆယ်​သာ​ရှိ​၏​။ ယခုမှာ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​တော်မူ​ပြီ​။


ထိုအခါ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ‘​အကျွန်ုပ်​၏​ဘိုးဘေး​သည် လှည့်လည်​သွားလာ​နေ​သူ အာရံ​လူမျိုး​ဖြစ်​ပါ​၏​။ သူ​သည် အီဂျစ်​ပြည်​သို့ လူ​အနည်းငယ်​နှင့် ဆင်းသွား​၍ ထို​ပြည်​၌​တည်းခိုနေထိုင်​ပါ​၏​။ သို့သော် ထို​ပြည်​၌ပင် အင်အားကြီး​၍​များပြား​သော​လူမျိုး​ကြီး​ဖြစ်လာ​ပါ​၏​။


သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​ခဲ့​သော ယောသပ်​၏​အရိုး​ကို ရှေခင်​၏​ဖခင်​ဟာမော်​၏​သား​များ​ထံ​မှ ငွေစ​တစ်ရာ​ဖြင့် ယာကုပ်​ဝယ်ယူ​ထား​သော ရှေခင်​မြို့​ရှိ​မြေ​ကွက်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို​မြေကွက်​သည် ယောသပ်​သားမြေး​တို့​ပိုင်​သော အမွေမြေ​ဖြစ်​၏​။


ဣဇက်​အား သား​ယာကုပ်​နှင့်​ဧသော​ကို ငါ​ပေး​၏​။ ဧသော​အား စိရ​တောင်​ကို ငါ​အပိုင်​ပေး​၏​။ ယာကုပ်​နှင့်​သူ​၏​သား​တို့​မူကား အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos