တမန်တော်ဝတ္ထု 5:34 - မြန်မာ့စံမီသမ္မာကျမ်း34 သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင် Ver CapítuloCommon Language Bible34 သို့ရာတွင်ဂါမလျေလနာမည်ရှိသော ဖာရိရှဲသည် တရားလွှတ်တော်တွင်ထိုင်ရာ မှထ၍ တမန်တော်တို့အားအပြင်သို့ခေတ္တ ခေါ်ထုတ်သွားရန်အမိန့်ပေး၏။ သူသည်လူ အပေါင်းတို့ရိုသေလေးစားသည့်ကျမ်းတတ် ဆရာတစ်ဦးဖြစ်၏။- Ver CapítuloGarrad Bible34 ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ ဂုဏ် အ သ ရေ ရှိ ကျမ်း ဆ ရာ ဂါ မ လျေ လ ခေါ် ဖာ ရိ ရှဲ တစ် ဦး သည် လွှတ် တော် တွင် ထ ရပ်၍ တ မန် တော် တို့ ကို ခေ တ္တ ထုတ် ထား စေ ရန် အ မိန့် ရှိ ပြီး လျှင် ပြော ဆို သည် မှာ၊ Ver CapítuloJudson Bible34 ထိုအခါ လူအပေါင်းတို့ ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်းဆရာ၊ ဖာရိရှဲတစ်ယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း34 သို့သော်လည်း လူအားလုံးတို့ရိုသေလေးစားရသော ကျမ်းတတ်ပညာရှင် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်တွင် ထ၍ တမန်တော်တို့ကို အပြင်သို့ခဏထွက်စေရန် အမိန့်ပေးလေ၏။ Ver Capítulo |
“အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
တမန်တော်တို့သည်လည်းကြားလျှင် အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် ရောက်လာကြသောအခါ တရားလွှတ်တော်နှင့် အစ္စရေးအမျိုးသားတို့၏လူကြီးအဖွဲ့အားလုံးတို့ကို စုရုံးစေပြီးလျှင် တမန်တော်တို့ကိုခေါ်လာရန် အစောင့်တပ်သားတို့ကို ထောင်ခန်းသို့စေလွှတ်လိုက်ကြ၏။