တမန်တော်ဝတ္ထု 5:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း34 သို့သော်လည်း လူအားလုံးတို့ရိုသေလေးစားရသော ကျမ်းတတ်ပညာရှင် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်တွင် ထ၍ တမန်တော်တို့ကို အပြင်သို့ခဏထွက်စေရန် အမိန့်ပေးလေ၏။ Ver CapítuloCommon Language Bible34 သို့ရာတွင်ဂါမလျေလနာမည်ရှိသော ဖာရိရှဲသည် တရားလွှတ်တော်တွင်ထိုင်ရာ မှထ၍ တမန်တော်တို့အားအပြင်သို့ခေတ္တ ခေါ်ထုတ်သွားရန်အမိန့်ပေး၏။ သူသည်လူ အပေါင်းတို့ရိုသေလေးစားသည့်ကျမ်းတတ် ဆရာတစ်ဦးဖြစ်၏။- Ver CapítuloGarrad Bible34 ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ ဂုဏ် အ သ ရေ ရှိ ကျမ်း ဆ ရာ ဂါ မ လျေ လ ခေါ် ဖာ ရိ ရှဲ တစ် ဦး သည် လွှတ် တော် တွင် ထ ရပ်၍ တ မန် တော် တို့ ကို ခေ တ္တ ထုတ် ထား စေ ရန် အ မိန့် ရှိ ပြီး လျှင် ပြော ဆို သည် မှာ၊ Ver CapítuloJudson Bible34 ထိုအခါ လူအပေါင်းတို့ ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်းဆရာ၊ ဖာရိရှဲတစ်ယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း34 သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင် Ver Capítulo |
ပေါလုက “ကျွန်ုပ်သည် ဆီလီဆီးယားပြည်ရှိ တာရှုမြို့၌ မွေးဖွားသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ သို့သော် ကျွန်ုပ်သည် ဤဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့၏ပညတ်တရားအတိုင်း ဂါမလျေလထံ၌ တင်းကျပ်စွာ သင်ယူခဲ့ရသူဖြစ်၏။ ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ ကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။
မိုးလင်းသောအခါ ကောင်းကင်တမန်မှာထားသည့်အတိုင်း သူတို့သည် ဗိမာန်တော်သို့ ဝင်၍ ဆုံးမသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အဖွဲ့ဝင်များသည် အစည်းအဝေးပြုလုပ်ရန် တရားလွှတ်တော်အဖွဲ့ဝင်များနှင့် အစ္စရေးလူမျိုးအကြီးအကဲတို့ကို စုရုံးစေ၏။ ထို့နောက် တမန်တော်တို့ကို ခေါ်ထုတ်လာရန် အစောင့်တပ်သားတို့ကို ထောင်ထဲသို့ စေလွှတ်ကြ၏။