တမန်တော်ဝတ္ထု 4:17 - မြန်မာ့စံမီသမ္မာကျမ်း17 သို့သော် ဤအကြောင်းသည် လူတို့ထံ ပို၍ပျံ့နှံ့မသွားစေရန် ဤနာမကိုအမှီပြုလျက် နောက်တစ်ဖန် မည်သူ့ကိုမျှမဟောပြောရမည့်အကြောင်း သူတို့ကိုခြိမ်းခြောက်ကြစို့”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible17 သို့သော်လူတို့အထဲတွင်ဤသတင်းပို၍ ပျံ့မသွားစေရန် ထိုသူနှစ်ဦးအားယေရှု၏ နာမကိုအမှီပြု၍ နောက်တစ်ဖန်မည်သူကို မျှမဟောမပြောရန်ကျပ်တည်းစွာသတိ ပေးကြကုန်အံ့။'' Ver CapítuloGarrad Bible17 သို့ သော် ပြည် သူ ပြည် သား တို့၌ တိုး တက် မ နှံ့ မ ပြား စေ ရန် ယ ခု မှ စ၍ မည် သူ့ အား မျှ ထို နာ မ နှင့် မ ဟော မ ပြော ရ ဟု ခြိမ်း ချောက် ကြ ကုန် အံ့ ဟူ၍ အ ချင်း ချင်း တိုင် ပင် ပြီး လျှင်၊ Ver CapítuloJudson Bible17 သို့သော်လည်း လူများအထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှာ၊ နောက်တစ်ဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းခြောက်ကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 သို့သော်လည်း ထိုတရားသည် လူတို့တွင် ပျံ့နှံ့မသွားစေရန် ထိန်းသိမ်းလျက် ထိုအမည်နာမအားဖြင့် တစ်စုံတစ်ယောက်ကိုမျှ မဟောပြောရန် သူတို့အား သတိပေးကြစို့” ဟု ပြောဆိုကြ၏။ Ver Capítulo |
ထို့ကြောင့် သုံးရက်မြောက်သောနေ့တိုင်အောင် သင်္ချိုင်းဂူကို စောင့်ကြပ်ထားရန် အမိန့်ပေးပါ။ သို့မဟုတ်လျှင် သူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးယူကာ ‘သူသည် သေသောသူတို့ထဲမှ ထမြောက်ပြီ’ဟု လူတို့အားပြောကြလိမ့်မည်။ ထိုအခါ နောက်လှည့်ဖြားမှုသည် ယခင်လှည့်ဖြားမှုထက် ပို၍ဆိုးပါလိမ့်မည်”ဟု လျှောက်ထားကြ၏။