တမန်တော်ဝတ္ထု 3:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက် Ver CapítuloCommon Language Bible6 သို့ရာတွင်ပေတရုက``ငါ့မှာရွှေငွေမရှိ။ သို့သော်ရှိသည့်အရာကိုသင့်အားငါပေး မည်။ နာဇရက်မြို့သားယေရှု၏နာမတော် အားဖြင့်ထ၍လှမ်းသွားလော့'' ဟုဆို၏။- Ver CapítuloGarrad Bible6 ပေ တ ရု က ငါ၌ ရွှေ ငွေ မ ရှိ၊ ရှိ ရာ ကို ငါ ပေး မည်။ နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် ကြောင့် လှမ်း သွား လော့ ဟု မြွက် ဆို ပြီး လျှင်၊ Ver CapítuloJudson Bible6 ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကို သင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 သို့ရာတွင် ပေတရုက “ငါ့ထံ၌ ရွှေ၊ ငွေမရှိ။ သို့သော်လည်း ငါ့ထံ၌ရှိသောအရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမ၌ ထ၍ လမ်းလျှောက်လော့” ဟု ပြောလေ၏။ Ver Capítulo |
ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။