တမန်တော်ဝတ္ထု 24:26 - မြန်မာ့စံမီသမ္မာကျမ်း26 တစ်ချိန်တည်းမှာပင် ပေါလုသည် သူ့ကို လာဘ်ငွေပေးလိမ့်မည်ဟုလည်း မျှော်လင့်သောကြောင့် သူသည် ပေါလုကိုမကြာခဏခေါ်၍ စကားပြောဆိုလေ၏။ Ver CapítuloCommon Language Bible26 ဖေလဇ်သည်မိမိအားပေါလုလာဘ်ထိုးလိမ့် မည်ဟုမျှော်လင့်ကာ သူ့အားမကြာမကြာ ခေါ်၍စကားပြောလေ၏။ Ver CapítuloGarrad Bible26 ပေါ လု တံ စိုး ပေး မည် အောက် မေ့ သ ဖြင့် အ ကြိမ် ကြိမ် ခေါ်၍ ဆွေး နွေး ပြော ဆို၏။ Ver CapítuloJudson Bible26 ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက်၊ မကြာမကြာ ပေါလုကိုခေါ်၍ သူနှင့် စကားပြောလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း26 တစ်ချိန်တည်းမှာပင် မိမိအား ပေါလုလာဘ်ထိုးမည်ဟု မျှော်လင့်သောကြောင့် သူ့ကို မကြာခဏခေါ်၍ စကားပြောဆိုလေ၏။ Ver Capítulo |
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။