တမန်တော်ဝတ္ထု 15:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။ Ver CapítuloCommon Language Bible4 ယေရုရှလင်မြို့သို့ဗာနဗတို့ရောက်ကြ သောအခါ အသင်းတော်နှင့်တကွတမန်တော် များ၊ အသင်းတော်လူကြီးများကသူတို့အား ကြိုဆိုလက်ခံသည့်အခါ မိမိတို့အားဘုရား သခင်အသုံးပြုတော်မူပုံအလုံးစုံကိုပြန် ကြားကြ၏။- Ver CapítuloGarrad Bible4 ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ ပြီး နောက် အ သင်း တော် မှ စ၍ တ မန် တော် နှင့် ဥ က္က ဋ္ဌ တို့ လက် ခံ ကြ သည့် ကာ လ သူ တို့ အား ဖြင့် ဘု ရား သ ခင် ပြု တော် မူ သ မျှ ကို ပြန် ကြား ကြ ရာ၊ Ver CapítuloJudson Bible4 ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း4 ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။ Ver Capítulo |
ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။